စာကြည့်တိုက်

မန္တလေးတိုင်းဒေသကြီးလွှတ်တော်စာကြည့်တိုက်ကို ပထမအကြိမ်လွှတ်တော်သက်တမ်းတွင် စတင်ဖွင့်လှစ်ခဲ့ပြီး စာကြည့်တိုက်တွင် မြန်မာစာအုပ်အမျိုးအစား(၄၃၉)အုပ်နှင့် အင်္ဂလိပ်စာအုပ် အမျိုးအစား(၁၃)အုပ် စုစုပေါင်းစာအုပ်(၄၅၂)အုပ်ဖြင့် လွှတ်တော်ရုံးရှိစာကြည့်တိုက်တွင် ဖွင့်လှစ်ခဲ့ ပါသည်။

အသေးစိတ်လေ့လာရန်

ဝန်ဆောင်မှု

လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများသည် စာအုပ်များငှါး ရမ်းလိုပါက စာကြည့်တိုက်အသင်းဝင်မှတ်ပုံတင်ပြုလုပ်ပြီး စာအုပ်ငှါးကတ်ထုတ်ယူသုံးစွဲနိုင် မည်ဖြစ်ပါသည်။ စာအုပ်များကို တစ်ဦးလျှင် (၂)အုပ်နှုန်းဖြင့် ရက်သတ္တပတ် ငှါးရမ်းပေးမည် ဖြစ်ပြီး ငှါးရမ်းခွင့်ရက်ပြည့်၍ ဖတ်ရှုမပြီးသေးလျှင် စာကြည့်တိုက်မှ ရက်သတ္တပတ်တိုး၍ ထပ်မံငှါးရမ်းခွင့်ပြုထားပါသည်။

အသေးစိတ်လေ့လာရန်

မိန့်ခွန်း

လေးစားအပ်ပါသော လွှတ်တော်ကိုယ်စားလှယ်များအားလုံး၊ တပ်မတော်သား ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း နှုတ်ခွန်းဆက် စကားပြောပါရစေ။ ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် သက်တမ်းအတွက် ဥက္ကဋ္ဌ တာဝန်ကို လူကြီးမင်းတို့က ကျွန်တော့်အား ပေးအပ်ခဲ့တာကို ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူပါကြောင်း၊ ကျေးဇူးတင်ရှိပါကြောင်း ပဏာမပြောကြားလိုပါတယ်။

အသေးစိတ်လေ့လာရန်

မန္တလေးတိုင်းဒေသကြီးလွှတ်တော်အကြောင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်၏အချုပ်အခြာအာဏာကို ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ဟူ၍ ပိုင်းခြားကျင့်သုံးလျက်ရှိပြီး ဥပဒေပြုရေး အာဏာကို ကျင့်သုံးရာ၌ ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များအား ခွဲဝေအပ်နှင်း ထားပါသည်။

အသေးစိတ်လေ့လာရန်

ကိုယ်စားလှယ်များ

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကို မြို့နယ်(၁)မြို့နယ်လျှင် (၂)ဦးကျစီ ရွေးကောက် တင်မြှောက်သည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၅၆)ဦး၊ ရှမ်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်(၁)ဦး၊ တပ်မတော်သားတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၁၉)ဦး၊ စုစုပေါင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၇၆)ဦးဖြင့် ဖွဲ့စည်းထားပါသည်။

အသေးစိတ်လေ့လာရန်

ကော်မတီများ

ကော်မတီ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်- ( ၁ ) ကော်မတီနှင့်အဖွဲ့အစည်းများ ဖွဲ့စည်းခြင်း။ ( ၂ ) ကိုယ်စားလှယ်များ၏ စိစစ်ရေးကိစ္စရပ်များ ဆောင်ရွက်ခြင်း။ ( ၃ ) တိုင်းရင်းသားလူမျိုးရေးရာကိစ္စများ ဆောင်ရွက်ခြင်း။

အသေးစိတ်လေ့လာရန်

သတင်းများ

၂၃.၈.၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စက်မှု၊ စွမ်းအင်နှင့် လျှပ်စစ်ရေးရာကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မိတ္ထီလာမြို့နယ်အတွင်းရှိ PFIစနစ်ဖြင့် ဆောင်ရွက်မည့် အဆိုပြုကျေးရွာများသို့

ဆက်ရန်

ဥပဒေကြမ်းများ

လွှတ်တော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၂ တွင် ဖော်ပြထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ဝန်းလုံးအတွက်သော်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်စိတ်တစ်ဒေသအတွက်သော်လည်းကောင်း အာဏာသက်ရောက်စေရန် ဥပဒေပြုခွင့်ရှိသည်။

ဆက်ရန်