လွှတ်တော် / သတင်းများ/စင်္ကာပူနိုင်ငံသံအမတ်ကြီးအားလက်ခံတွေ့ဆုံ

စင်္ကာပူနိုင်ငံသံအမတ်ကြီးအားလက်ခံတွေ့ဆုံ

နေ့စွဲ
22.2.2019
အချိန်

(၂၂.၂.၂၀၁၉)ရက်နေ့ မွန်းလွဲ(၂:ဝဝ)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဧည့်ခန်းမ၌ စင်္ကာပူနိုင်ငံသံအမတ်ကြီး Ms.Vanessa Chan သည် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးအား လာရောက်တွေ့ဆုံခဲ့ပြီး လွှတ်တော်ရုံးအတွင်း လှည့်လည်ကြည့်ရှု လေ့လာခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်ဌေး၊ စင်္ကာပူနိုင်ငံသံအမတ်ကြီး Ms.Vanessa Chan နှင့် လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးတို့ တက်ရောက်ကြသည်။