လွှတ်တော် / သတင်းများ/တောင်ကိုရီးယားနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

တောင်ကိုရီးယားနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေ့စွဲ
14.3.2019
အချိန်
10:00(AM)

(၁၄.၃.၂၀၁၉)ရက်နေ့ နံနက်(၁၀:ဝဝ)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံးဧည့်ခန်းမ၌ တောင်ကိုရီးယားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ Saram Art School မှ Chairman Kwon Tae-Hun ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးအား လာရောက်ဂါရ၀ပြုတွေ့ဆုံ ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ Saram Art School မှ Chairman Kwon Tae-Hun နှင့် ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးတို့ တက်ရောက်ကြသည်။