လွှတ်တော် / သတင်းနှင့်ပြန်ကြားရေး / ကြေညာချက်များ / ဒုတိယအကြိမ် လွှတ်တော် / အသေးစိတ်အချက်

ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးကျင်းပရန် ခေါ်ယူခြင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး

မန္တလေးမြို့

ကြေညာချက်အမှတ် ( ၁ / ၂၀၁၆)

၁၃၇၇ ခုနှစ် ၊ ပြာသိုလဆန်း ၁ ရက်

(၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်)

 

ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးကျင်းပရန် ခေါ်ယူခြင်း

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၂(ခ) ၊ ၂၀၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဥပဒေပုဒ်မ ၂၉ ၊ ၂၀၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် နည်းဥပဒေပုဒ်မ ၃(က)(၁)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌသည် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး၌ ၁၃၇၇ ခုနှစ် ၊ ပြာသိုလပြည့်ကျော် ၈ ရက်   (၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်) (တနင်္လာနေ့)  နံနက် ၁၀:၀၀ အချိန်တွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ကြေညာအပ်ပါသည်။

                   ဥ က္က ဋ္ဌ

ဦးဝင်းမောင်

                         

 

စာအမှတ်၊ ၅ / ၉ – ၁( ၀၂၀)/(အစည်းအဝေး)

ရက်စွဲ ၊ ၂၀၁၆ ခုနှစ် ၊  ဇန်နဝါရီလ ၁၀ ရက်

ဖြန့်ဝေခြင်း

  • မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ(အားလုံး)

 

မိတ္တူကို

  • လှည့်လည်စာတွဲ
  • ရုံးလက်ခံ