လွှတ်တော် / သတင်းနှင့်ပြန်ကြားရေး / ကြေညာချက်များ / ဒုတိယအကြိမ် လွှတ်တော် / အသေးစိတ်အချက်

ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးကျင်းပရန်ခေါ်ယူခြင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး

မန္တလေးမြို့

ကြေညာချက်အမှတ် (၄ / ၂၀၁၈)

၁၃၈၀ပြည့်နှစ် ၊ ဝါခေါင်လပြည့်ကျော်  ၈  ရက်

(၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ   ၃   ရက်)

 

ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးကျင်းပရန်ခေါ်ယူခြင်း

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၄ ၊ ၂၀၁၃ ခုနှစ်  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၀၊ ၂၀၁၃ခုနှစ်  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေပုဒ်မ ၃(က)(၁)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌသည် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၁) ကြိမ် မြောက်ပုံမှန်အစည်းအဝေးကို မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး၌ ၁၃၈၀ ပြည့်နှစ် တော်သလင်းလပြည့် ကျော် ၁ ရက်   (၂၀၁၈ခုနှစ်၊စက်တင်ဘာလ ၂၅ ရက်) (အင်္ဂါနေ့) နံနက် ၁၀:၀၀ အချိန်တွင် စတင် ကျင်းပရန် ခေါ်ယူကြောင်း ကြေညာအပ်ပါသည်။

 

အောင်ကျော်ဦး

                    ဥ က္က ဋ္ဌ

 

စာအမှတ်၊ ၁ / ၁ – ၁(    ၀၀၄      )/(အစည်းအဝေး)

ရက်စွဲ ၊ ၂၀၁၈ခုနှစ် ၊ စက်တင်ဘာလ    ၃    ရက်

ဖြန့်ဝေခြင်း

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ(အားလုံး)

 

မိတ္တူကို

လှည့်လည်စာတွဲ၊ ရုံးလက်ခံ