လွှတ်တော် / သတင်းနှင့်ပြန်ကြားရေး / ကြေညာချက်များ / ဒုတိယအကြိမ် လွှတ်တော် / အသေးစိတ်အချက်

ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ကျင်းပရန် ခေါ်ယူခြင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး

မန္တလေးမြို့

ကြေညာချက်အမှတ် (၁ / ၂၀၁၉)

၁၃၈၀ပြည့်နှစ် ၊ ပြာသိုလပြည့်ကျော် ၁ ရက်

(၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်)

 

ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ကျင်းပရန် ခေါ်ယူခြင်း

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၄ ၊ ၂၀၁၃ ခုနှစ်  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၀၊ ၂၀၁၃ခုနှစ်  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေပုဒ်မ ၃(က)(၁)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌသည် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး၌ ၁၃၈၀ ပြည့်နှစ် တပို့တွဲလဆန်း ၁၀ ရက် (၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်) (ကြာသပတေးနေ့) နံနက် ၁၀၀၀ အချိန်တွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ကြေညာအပ်ပါသည်။

အောင်ကျော်ဦး

                    ဥ က္က ဋ္ဌ

 

စာအမှတ်၊ ၁ / ၁ – ၁( ၀၀၁ )/(အစည်းအဝေး)

ရက်စွဲ ၊ ၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီလ  ၂၁   ရက်

ဖြန့်ဝေခြင်း

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ(အားလုံး)

 

မိတ္တူကို

လှည့်လည်စာတွဲ၊ ရုံးလက်ခံ