လွှတ်တော် / သတင်းနှင့်ပြန်ကြားရေး / ကြေညာချက်များ / ဒုတိယအကြိမ် လွှတ်တော် / အသေးစိတ်အချက်

ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ကျင်းပရန် ခေါ်ယူခြင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး

မန္တလေးမြို့

ကြေညာချက်အမှတ် (၃/ ၂၀၁၉)

၁၃၈၁ ခုနှစ် ၊ ကဆုန်လပြည့်ကျော် ၁၃ ရက်

(၂၀၁၉ ခုနှစ်၊ မေလ ၃၁ ရက်)

 

ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ကျင်းပရန် ခေါ်ယူခြင်း

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၄ ၊ ၂၀၁၃ ခုနှစ်  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၀၊ ၂၀၁၃ခုနှစ်  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေပုဒ်မ ၃(က)(၁)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌသည် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး၌ ၁၃၈၁ ခုနှစ် နယုန်လပြည့်ကျော် ၄ ရက် (၂၀၁၉ခုနှစ်၊ ဇွန်လ ၂၁ ရက်) ( သောကြာနေ့) နံနက် ၁၀:၀၀ နာရီအချိန်တွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ကြေညာအပ်ပါသည်။

အောင်ကျော်ဦး

                    ဥ က္က ဋ္ဌ

 

စာအမှတ်၊ ၁ / ၁ – ၁( ၀၀၃ )/(အစည်းအဝေး)

ရက်စွဲ  ၊  ၂၀၁၉  ခုနှစ် ၊  မေလ   ၃၁   ရက်

ဖြန့်ဝေခြင်း

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ(အားလုံး)

 

မိတ္တူကို

လှည့်လည်စာတွဲ၊ ရုံးလက်ခံ