လွှတ်တော် / သတင်းနှင့်ပြန်ကြားရေး / ကြေညာချက်များ / ဒုတိယအကြိမ် လွှတ်တော် / အသေးစိတ်အချက်

ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးကျင်းပရန် ခေါ်ယူခြင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး

မန္တလေးမြို့

ကြေညာချက်အမှတ် ( ၁၄ / ၂၀၁၇)

၁၃၇၉ ခုနှစ် ၊ ဝါခေါင်လပြည့်ကျော် ၃ ရက်

(၂၀၁၇ ခုနှစ်၊ သြဂုတ်လ   ၁၀  ရက်)

 

ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးကျင်းပရန် ခေါ်ယူခြင်း

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၈ နှင့်အညီ ဝန်ကြီးချုပ်၏ အကြောင်းကြားချက်အရ ၊ ၂၀၁၃ ခုနှစ်  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် နည်းဥပဒေ ၁၄၅ နှင့်အညီ မန္တလေးတိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဆိုင်ရာ လျာထားချက်ကို လွှတ်တော်တွင် ဆွေးနွေးနိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌသည် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးကို ၁၃၇၉ ခုနှစ် ၊ တော်သလင်း လဆန်း ၁၀ ရက်   (၂၀၁၇ ခုနှစ် ၊ သြဂုတ်လ ၃၁ ရက်) (ကြာသပတေးနေ့)  နံနက် (၁၀:၀၀) အချိန်တွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ကြေညာအပ်ပါသည်။

 

အောင်ကျော်ဦး

                     ဥ က္က ဋ္ဌ

 

စာအမှတ်၊ ၁ / ၁ – ၁( ၀၁၄ )/(အစည်းအဝေး)

ရက်စွဲ ၊ ၂၀၁၇ခုနှစ်  ၊  သြဂုတ်လ     ၁၀ ရက်

ဖြန့်ဝေခြင်း

  • မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ(အားလုံး)

 

မိတ္တူကို

  • လှည့်လည်စာတွဲ
  • ရုံးလက်ခံ