လွှတ်တော် / သတင်းနှင့်ပြန်ကြားရေး / ကြေညာချက်များ / ဒုတိယအကြိမ် လွှတ်တော် / အသေးစိတ်အချက်

ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးကျင်းပရန် ခေါ်ယူခြင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး

မန္တလေးမြို့

ကြေညာချက်အမှတ် ( ၂၁ / ၂၀၁၇)

၁၃၇၉ ခုနှစ် ၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်

(၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ   ၁၄  ရက်)

 

ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးကျင်းပရန် ခေါ်ယူခြင်း

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၄ ၊ ၂၀၁၃ ခုနှစ်  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၀၊ ၂၀၁၃ခုနှစ်  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေပုဒ်မ ၃(က)(၁)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌသည် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေးကို မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး၌ ၁၃၇၉ ခုနှစ် ၊ နတ်တော်လပြည့်ကျော် ၂ ရက်   (၂၀၁၇ ခုနှစ် ၊ ဒီဇင်ဘာလ ၅ ရက်) (အင်္ဂါနေ့)  နံနက် ၁၀:၀၀ အချိန်တွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ကြေညာအပ်ပါသည်။

 

အောင်ကျော်ဦး

                     ဥ က္က ဋ္ဌ

 

စာအမှတ်၊ ၁ / ၁ – ၁( ၀၂၁ )/(အစည်းအဝေး)

ရက်စွဲ ၊ ၂၀၁၇ခုနှစ် ၊  နိုဝင်ဘာလ  ၁၄ ရက်

 

ဖြန့်ဝေခြင်း

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ(အားလုံး)

 

မိတ္တူကို

လှည့်လည်စာတွဲ၊ ရုံးလက်ခံ