လွှတ်တော် / သတင်းနှင့်ပြန်ကြားရေး / ကြေညာချက်များ / ဒုတိယအကြိမ် လွှတ်တော် / အသေးစိတ်အချက်

ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေးကျင်းပရန် ခေါ်ယူခြင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး

မန္တလေးမြို့

ကြေညာချက်အမှတ် ( ၂ / ၂၀၁၈)

၁၃၇၉ ခုနှစ် ၊ တပေါင်းလဆန်း ၁၄ ရက်

(၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ   ၂၈  ရက်)

 

ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေးကျင်းပရန် ခေါ်ယူခြင်း

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၄ ၊ ၂၀၁၃ ခုနှစ်  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၀၊ ၂၀၁၃ခုနှစ်  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေပုဒ်မ ၃(က)(၁)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌသည် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန် အစည်းအဝေးကို ၁၃၇၉ ခုနှစ် ၊ တန်ခူးလဆန်း ၇ ရက်   (၂၀၁၈ခုနှစ် ၊ မေလ ၂၃ ရက်) (သောကြာနေ့)  နံနက် ၁၀:၀၀ အချိန်တွင် စတင်ကျင်းပရန် ခေါ်ယူကြောင်းကြေညာအပ်ပါသည်။

 

 

 

အောင်ကျော်ဦး

                     ဥ က္က ဋ္ဌ

 

စာအမှတ်၊ ၁ / ၁ – ၁( ၀၀၂ )/(အစည်းအဝေး)

ရက်စွဲ ၊ ၂၀၁၈ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၈ ရက်

 

မိတ္တူကို

ဦးဆောင်ညွှန်ကြားရေးမှူး၊ ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်း၊ ရုံးအမှတ်(၇)

ပြန်ကြားရေးဌာန၊ နေပြည်တော်

လှည့်လည်စာတွဲ၊ ရုံးလက်ခံ