လွှတ်တော် / သတင်းနှင့်ပြန်ကြားရေး / ကြေညာချက်များ / ဒုတိယအကြိမ် လွှတ်တော် / အသေးစိတ်အချက်

ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေးကျင်းပရန် ခေါ်ယူခြင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး

မန္တလေးမြို့

ကြေညာချက်အမှတ် ( ၃ / ၂၀၁၈)

၁၃၈၀ပြည့်နှစ် ၊ ကဆုန်လပြည့်ကျော်  ၁  ရက်

(၂၀၁၈ ခုနှစ်၊ ဧပြီလ   ၃၀   ရက်)

 

ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေးကျင်းပရန် ခေါ်ယူခြင်း

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၄ ၊ ၂၀၁၃ ခုနှစ်  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၀၊ ၂၀၁၃ခုနှစ်  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေပုဒ်မ ၃(က)(၁)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌသည် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေးကို ၁၃၈၀ ပြည့်နှစ် နယုန်လဆန်း ၈ ရက်   (၂၀၁၈ခုနှစ်၊မေလ ၂၂ ရက်) (အင်္ဂါနေ့) နံနက် ၁၀:၀၀ အချိန်တွင် စတင်ကျင်းပရန် ခေါ်ယူကြောင်းကြေညာအပ်ပါသည်။

 

 

 

အောင်ကျော်ဦး

                     ဥ က္က ဋ္ဌ

 

စာအမှတ်၊ ၁ / ၁ – ၁(     ၀၀၃     )/(အစည်းအဝေး)

ရက်စွဲ   ၊   ၂၀၁၈ခုနှစ်  ၊   ဧပြီလ      ၃၀     ရက်

 

မိတ္တူကို

ဦးဆောင်ညွှန်ကြားရေးမှူး၊ ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်း၊ ရုံးအမှတ်(၇)

ပြန်ကြားရေးဌာန၊ နေပြည်တော်

လှည့်လည်စာတွဲ၊ ရုံးလက်ခံ