လွှတ်တော် / သတင်းများ/ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၉)(တတိယနေ့) ဆက်လက်ကျင်းပ

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၉)(တတိယနေ့) ဆက်လက်ကျင်းပ

နေ့စွဲ
15.7.2019
အချိန်

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအ​ဝေး (၁/ ၂၀၁၉) (တတိယနေ့) ကို ၁၅.၇.၂၀၁၉ ရက်နေ့ (၁၃၀၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး၌ အစီအစဉ် (၈)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဋ္ဌေးနှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးနှင့် လေ့လာသူ(၁၈)ဦး၊ စုစုပေါင်း(၉၆)ဦး တက်ရောက်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် နိုင်ငံတော်သမ္မတက “ မန္တလေးတိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ” အဖြစ် ကျောက်ဆည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်နှင့် “ မန္တလေး တိုင်းဒေသကြီး  တရားလွှတ်တော် တရားသူကြီး ” အဖြစ် ဒေါ်လှမြင့်တို့အား ခန့်အပ်တာဝန် ပေးအပ်ကြောင်း လွှတ်တော်သို့ ကြေညာခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌ၏ ရှေ့မှောက်တွင် ကတိသစ္စာ ပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်းတို့ ဆောင်ရွက်ခဲ့သည်။

ထို့နောက် ဒေသန္တရစီမံကိန်း၊ အရအသုံးငွေစာရင်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ တာဝန်ပြောင်းလဲ တာဝန်ပေးအပ်ခြင်းနှင့် ပတ်သက်၍ လွှတ်တော်၏သဘောထားရယူရာ သဘောတူသည့်အတွက် လွှတ်တော်က အတည်ပြုကြောင်း ကြေညာခြင်း၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရေးရာ ကော်မတီ(၄)ခု၏ အဖွဲ့ဝင်များ ပြောင်းလဲတာဝန်ပေးအပ်ရန် အမည်စာရင်း များကို လွှတ်တော်သို့တင်ပြခြင်းနှင့် ပတ်သက်၍ လွှတ်တော်၏သဘောထားရယူရာ သဘောတူ သည့်အတွက် အတည်ပြုကြောင်း ကြေညာခဲ့သည်။

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၉) (တတိယနေ့) အစီအစဉ် (၁၃၁၅)နာရီအချိန်တွင် ပြီးစီးခဲ့ပြီး ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး (၁/ ၂၀၁၉)အောင်မြင်စွာပြီးမြောက်ခဲ့သည်။