လွှတ်တော် / သတင်းများ/ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေး (တတိယနေ့ )ဆက္လက္က်င္းပ

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေး (တတိယနေ့ )ဆက္လက္က်င္းပ

နေ့စွဲ
16.2.2019
အချိန်

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအ​ဝေး (တတိယနေ့)ကို ၁၈.၂.၂၀၁၉ ရက်နေ့ နံနက်(၁၀၀၀)နာရီ အချိန်တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး၌ အစီအစဉ်(၁၀)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဋ္ဌေးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးတရား လွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်နှင့် လေ့လာသူ(၃)ဦး၊  စုစုပေါင်း(၈၁)ဦး တက်ရောက်ခဲ့ကြပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၅)ဦး မေးမြန်းသည့် ကြယ်ပွင့်ပြ မေးခွန်း(၁၀)ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ရေးရာကော်မတီများအနက် တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာကော်မတီ၏ အဖွဲ့ဝင်အစားထိုး ပြောင်းလဲတာဝန်ပေးအပ်ရန် အမည်စာရင်းကို လွှတ်တော်သို့တင်ပြပြီး၊ လွှတ်တော်၏ သဘောထားရယူကာ အတည်ပြုချက်ရယူခြင်းတို့ ဆောင်ရွက် ခဲ့ပါသည်။ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက “ဥပဒေများ   လေ့လာသုံးသပ်   ပြင်ဆင် ရေးဆွဲရေးအဖွဲ့” ဖွဲ့စည်းရန် လျာထားသည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ အဖွဲ့ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကို လွှတ်တော်သို့တင်ပြပြီး၊ ယင်းအဖွဲ့၏ ဖွဲ့စည်းတာဝန်ပေး အပ်ခြင်းနှင့်ပတ်သက်၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက လွှတ်တော်ရုံးဝန်ထမ်း အကြီးအမှူးထံတွင် ခိုင်လုံသော အချက်အလက်များဖော်ပြ၍ အမည်စာရင်း ပေးသွင်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ “မန္တလေးတိုင်းဒေသကြီး၏ ၂၀၁၈- ၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံရန် လျာထားချက်အဆို”နှင့်ပတ်သက်၍ လွှတ်တော်မှ အတည်ပြုပေးရန် အဆို တင်သွင်းခဲ့ပြီး၊ လွှတ်တော်ကိုယ်စားလှယ်(၁)ဦးက ထောက်ခံ ဆွေးနွေးခဲ့ပါသည်။ ၎င်းနောက် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူကာ “မန္တလေး တိုင်းဒေသကြီး၏ ၂၀၁၈- ၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံရန် လျာထားချက်အဆို”ကို ပြင်ဆင်ချက်မရှိ အတည်ပြုကြောင်း ကြေညာခဲ့ပါသည်။ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့)ကို ရပ်နားကြောင်းနှင့် ဒုတိယအကြိမ်မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(စတုတ္ထနေ့) ကို (၂၅.၂.၂၀၁၉)ရက် (တနင်္လာနေ့)နံနက် (၁၀၀၀) နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာကာ (၁၁၀၅)နာရီအချိန်တွင် အစည်းအဝေး အောင်မြင်စွာပြီးမြောက်ခဲ့သည်။