လွှတ်တော် / သတင်းများ/ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ကျင်းပ

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ကျင်းပ

နေ့စွဲ
4.2.2020
အချိန်

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအ​ဝေး (စတုတ္ထနေ့) ကို ၄.၂.၂၀၂၀ ရက်နေ့ နံနက်(၁၀၀၀)နာရီ အချိန်တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး၌ အစီအစဉ်(၁၄)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးတရား လွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်နှင့် လေ့လာသူ(၃)ဦး၊ စုစုပေါင်း(၇၅)ဦး တက်ရောက်ခဲ့ကြသည်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၅)ဦး မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း(၆)ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက် ခဲ့သည်။

ဆက်လက်၍ မြစ်သားမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းမြမြသင်း တင်သွင်းသည့်“လယ်ယာမြေများအား ငှားရမ်းစိုက်ပျိုးဆောင်ရွက်ရာတွင် ဉပဒေနှင့်အညီဖြစ်စေရေး အတွက်စိစစ်ကြပ်မတ်ဆောင်ရွက်ရန် တိုက်တွန်းကြောင်း”အဆိုကို လွှတ်တော်သို့ တင်သွင်းခြင်းနှင့် ကိုယ်စားလှယ်တစ်ဦးက ထောက်ခံခြင်း၊၎င်းနောက် လွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့်ပတ်သက်၍  ဆွေး နွေးရန် သင့်/မသင့် လွှတ်တော်၏ သဘောထားရယူခြင်းတို့ဆောင်ရွက်ရာ  သဘောတူသည့်အတွက် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းပေးသွင်းနိုင်ကြောင်းနှင့် ဆွေး နွေးမည့်နေ့ရက်ကို ကြေညာခဲ့သည်။ ထို့နောက် ပျော်ဘွယ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး တင်သွင်းသည့်“မန္တလေးတိုင်းဒေသကြီးတွင် ပျော်ဘွယ်မြို့နယ် အပါအဝင် မြို့နယ်တိုင်းရှိ ကောက်ခံလျက်ရှိသော မြို့ဝင်ကြေးကောက်ခံမှုစနစ်ကို အပြီးတိုင် ဖျက်သိမ်းပေးရန်” အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ အမည်စာရင်းတင်သွင်းထားသော  လွှတ်တော် ကိုယ်စားလှယ်(၉)ဦးက ဆွေးနွေးခြင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ပြန်လည် ရှင်းလင်းဆွေးနွေးပြီး အဆိုအားမှတ်တမ်းအဖြစ်ထားရှိရန် သဘောထားပေးသော်လည်း အဆိုရှင်က လွှတ်တော်၏အဆုံးအဖြတ်ရယူ လိုကြောင်းတင်ပြသဖြင့် စက်ခလုတ်နှိပ်ဆန္ဒမဲပေးသည့် နည်းလမ်းဖြင့် လွှတ်တော်၏သဘောထားရ ယူရာ ထောက်ခံမဲ ၁၅၊ ကန့်ကွက်မဲ ၄၇၊ ကြားနေမဲ ၄  ဖြင့် ထောက်ခံသူအရေအတွက် ထက်ဝက်မ ကျော်သည့်အတွက် အဆိုအတည်မဖြစ်ကြောင်း ကြေညာခဲ့ သည်။

ချမ်းမြသာစည်မြို့နယ်၊မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင် တင် သွင်းထားသည့် “မန္တလေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဉပဒေကြမ်း”နှင့်စပ်လျဉ်း၍ မန္တလေး တိုင်းဒေသကြီးလွှတ်တော် ဉပဒေပြုရေးဆိုင်ရာကော်မတီက အစီရင်ခံစာဖတ်ကြားတင်သွင်းခြင်း၊ ၎င်းနောက်လွှတ်တော်ဉက္ကဋ္ဌက ယင်းဉပဒေကြမ်းနှင့်ပတ်သက်၍ ပြင်ဆင်ချက်အဆိုတင်သွင်းလို သည့်လွှတ်တော်ကိုယ်စားလှယ်များရှိပါက ပြင်ဆင်လိုသည့် အပိုဒ်၊အပိုဒ်ခွဲကို အသေးစိတ်လက်မှတ် ရေးထိုးဖော်ပြ၍ အမည်စာရင်းပေးသွင်းနိုင်ကြောင်းနှင့် ဆွေးနွေးမည့်နေ့ရက်ကို ကြေညာခဲ့သည်။

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကိုရပ်နားကြောင်းနှင့် ဒုတိယအကြိမ်မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပဉ္စမနေ့)ကို (၅.၂.၂၀၂၀)ရက် (ဗုဒ္ဓဟူးနေ့) နံနက်(၁၀၀၀)နာရီတွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း ကြေညာကာ(၁၂၁၅)နာရီအချိန်တွင် အစည်းအဝေးအောင်မြင်စွာပြီးမြောက်ခဲ့သည်။