လွှတ်တော် / သတင်းများ/ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပဉ္စမနေ့) ကျင်းပ

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပဉ္စမနေ့) ကျင်းပ

နေ့စွဲ
5.2.2020
အချိန်

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအ​ဝေး (ပဉ္စမနေ့) ကို ၅.၂.၂၀၂၀ ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး၌ အစီအစဉ်(၉)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ    ဦးအောင်ကျော်ဦး၊ ဒုတိယဥက္ကဋ္ဌဒေါက်တာခင်မောင်ဌေးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်များ၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊တိုင်းဒေသကြီးတရားသူကြီးချုပ်၊တိုင်းဒေသကြီး ဥပဒေချုပ်နှင့် လေ့လာသူ(၄)ဦး၊စုစုပေါင်း(၇၈)ဦး တက်ရောက်ခဲ့ကြသည်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၄)ဦး မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း(၆)ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက် ခဲ့သည်။

ထို့နောက် မိတ္ထီလာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မိုး တင်သွင်းသည့်“မန္တလေးတိုင်းဒေသကြီးအတွင်း တရားမဝင်နည်းလမ်းမျိုးစုံတို့ဖြင့် ဝင်ရောက်နေထိုင် သောပြည်ပနိုင်ငံသားများအား အထူးစီမံချက်များဖြင့် စဉ်ဆက်မပြတ်စစ်ဆေးဖော်ထုတ်၍ ထိရောက်စွာ အရေးယူဆောင်ရွက်သွားရန် တိုက်တွန်းကြောင်း” အဆိုကို လွှတ်တော်သို့တင်သွင်းခြင်းနှင့် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကထောက်ခံခြင်း၊ ၎င်းနောက်လွှတ်တော်ဥက္ကဋ္ဌက အဆိုကိုဆွေးနွေးရန် သင့် / မသင့် လွှတ်တော်၏  သဘောထားရယူခြင်းတို့ဆောင်ရွက်ရာ   သဘောတူသည့်အတွက် ဆွေးနွေးလို သည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းပေးသွင်းနိုင်ကြောင်းနှင့် ဆွေးနွေးမည့်နေ့ရက်ကို ကြေညာခဲ့သည်။

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပဉ္စမနေ့)ကို ရပ်နားကြောင်းနှင့် ဒုတိယအကြိမ်မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)ကို(၇.၂.၂၀၂၀)ရက်(သောကြာနေ့)နံနက်(၁၀၀၀)နာရီတွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း  ကြေညာကာ(၁၀၄၀)နာရီအချိန်တွင်  အစည်းအဝေးအောင်မြင်စွာပြီးမြောက်ခဲ့သည်။