လွှတ်တော် / သတင်းများ/ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့) ကျင်းပ

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့) ကျင်းပ

နေ့စွဲ
7.2.2020
အချိန်

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအ​ဝေး (ဆဋ္ဌမနေ့) ကို ၇.၂.၂၀၂၀ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး၌  အစီအစဉ်(၉)ရပ်ဖြင့်ကျင်းပပြုလုပ်ခဲ့ရာ  အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးနှင့်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊တိုင်းဒေသကြီး ဥပဒေချုပ်နှင့် လေ့လာသူ(၁)ဦး၊ စုစုပေါင်း (၇၂)ဦး တက်ရောက်ခဲ့ကြသည်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၄)ဦး မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း(၆)ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက် ခဲ့သည်။

ဆက်လက်၍ မြစ်သားမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းမြမြသင်း တင်သွင်းသည့်“လယ်ယာမြေများအား ငှားရမ်းစိုက်ပျိုးဆောင်ရွက်ရာတွင် ဉပဒေနှင့်အညီဖြစ်စေရေး အတွက်စိစစ်ကြပ်မတ်ဆောင်ရွက်ရန် တိုက်တွန်းကြောင်း”အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်သို့အမည် စာရင်းတင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်(၃)ဦးကဆွေးနွေးခြင်း၊သက်ဆိုင်ရာတိုင်းဒေသ ကြီးအဆင့်အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး အဆိုရှင်က မှတ်တမ်းအဖြစ်ထားရှိရန် သဘောတူသဖြင့် လွှတ်တော်ဉက္ကဋ္ဌက ယင်းအဆိုနှင့်ပတ်သက်၍ မှတ်တမ်းတင်ရန် လွှတ်တော်၏ သဘောထားရယူရာ သဘောတူသည့်အတွက် အဆိုကိုမှတ်တမ်းတင်ကြောင်း ကြေညာခဲ့သည်။

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့) ကိုရပ်နားကြောင်းနှင့် ဒုတိယအကြိမ်မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန် အစည်းအဝေး(သတ္တမနေ့)ကို (၁၀.၂.၂၀၂၀)ရက် (တနင်္လာနေ့) နံနက်(၁၀၀၀)နာရီတွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း ကြေညာကာ(၁၁၁၅)နာရီအချိန်တွင် အစည်းအဝေးအောင်မြင်စွာ ပြီးမြောက် ခဲ့သည်။