လွှတ်တော် / သတင်းများ/ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (အဋ္ဌမနေ့) ကျင်းပ

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (အဋ္ဌမနေ့) ကျင်းပ

နေ့စွဲ
11.2.2020
အချိန်

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအ​ဝေး (အဋ္ဌမနေ့)ကို ၁၁.၂.၂၀၂၀ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ရုံး၌ အစီအစဉ်(၉)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့  မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးနှင့်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ်၊တိုင်းဒေသကြီး စာရင်းစစ်ချုပ်နှင့် လေ့လာသူ(၁၄)ဦး၊ စုစုပေါင်း (၈၈)ဦး တက်ရောက်ခဲ့ ကြသည်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂)ဦးမေးမြန်းသည့် ကြယ်ပွင့်ပြ မေးခွန်း(၄)ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက် ခဲ့သည်။

ထို့နောက်  မိတ္ထီလာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မိုး တင်သွင်းသည့် “မန္တလေးတိုင်းဒေသကြီးအတွင်း တရားမဝင်နည်းလမ်းမျိုးစုံတို့ဖြင့် ဝင်ရောက်နေထိုင် သော ပြည်ပနိုင်ငံသားများအား အထူးစီမံချက်များဖြင့် စဉ်ဆက်မပြတ်စစ်ဆေးဖော်ထုတ်၍ ထိရောက် စွာ အရေးယူဆောင်ရွက်သွားရန် တိုက်တွန်းကြောင်း”  အဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ အမည် စာရင်းတင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်(၆)ဦးကဆွေးနွေးခြင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး အဆင့်အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး အဆိုအား မှတ်တမ်းအဖြစ်ထားရှိရန် သဘော ထားပေးသော်လည်း အဆိုရှင်က လွှတ်တော်၏အဆုံးအဖြတ်ရယူလိုကြောင်းတင်ပြသဖြင့် စက်ခလုတ် နှိပ် ဆန္ဒမဲပေးသည့်နည်းလမ်းဖြင့်လွှတ်တော်၏သဘောထားရယူရာ ထောက်ခံမဲ ၃၃၊ ကန့်ကွက်မဲ ၃၄၊ ကြားနေမဲ ၁ ဖြင့် ထောက်ခံသူအရေအတွက် ထက်ဝက်မကျော်သည့်အတွက် အဆိုအတည်မဖြစ် ကြောင်း ကြေညာခဲ့သည်။

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (အဋ္ဌမနေ့)ကိုရပ်နားကြောင်းနှင့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး  (နဝမနေ့) ကို  (၁၃.၂.၂၀၂၀) ရက် (ကြာသပတေးနေ့)  နံနက်(၁၀၀၀)နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာကာ(၁၁၅၀)နာရီအချိန်တွင် အစည်းအဝေးအောင်မြင်စွာ ပြီးမြောက်ခဲ့သည်။