လွှတ်တော် / သတင်းများ/ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (နဝမနေ့) ကျင်းပ

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (နဝမနေ့) ကျင်းပ

နေ့စွဲ
13.2.2020
အချိန်

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအ​ဝေး (နဝမနေ့)ကို ၁၃.၂.၂၀၂၀ ရက်နေ့ နံနက်(၁၀၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး၌ အစီအစဉ်(၉)ရပ်ဖြင့်ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ဒုတိယဥက္ကဌ ဒေါက်တာခင်မောင်ဌေးနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်နှင့် လေ့လာသူ( ၂ )ဦး၊ စုစုပေါင်း( ၇၄ )ဦး တက်ရောက်ခဲ့ကြသည်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၃)ဦးမေးမြန်းသည့် ကြယ်ပွင့်ပြ မေးခွန်း(၃)ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက် ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က “မန္တလေးတိုင်းဒေသကြီး၏ ၂၀၁၉ – ၂၀၂၀ခု၊ ဘဏ္ဍာရေး နှစ်အတွက်ဌာနအဖွဲ့အစည်းများမှ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံခြင်း လျာထားချက်အဆို”ကို လွှတ်တော် သို့ တင်သွင်းခြင်း၊ လွှတ်တော်ဉက္ကဋ္ဌမှ “မန္တလေးတိုင်းဒေသကြီး၏ ၂၀၁၉ – ၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် အတွက်ဌာနအဖွဲ့အစည်းများမှ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံခြင်း လျာထားချက်အဆို” နှင့်စပ်လျဉ်း ၍ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်းနှင့် ဆွေးနွေးမည့်နေ့ရက်ကို  ကြေညာခဲ့သည်။

ချမ်းမြသာစည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်တင်သွင်းထားသည့် “မန္တလေးတိုင်းဒေသကြီးခရီးသွားလုပ်ငန်းဉပဒေကြမ်း” နှင့်ပတ်သက်၍ ပြင်ဆင်ဖြည့်စွက်ရန် လွှတ်တော်သို့ အမည်စာရင်းတင်သွင်းထားသည့် လွှတ်တော်ကိုယ်စားလှယ် (၅)ဦးက ဆွေးနွေးခြင်းနှင့် တစ်ပိုဒ်ချင်းစီအလိုက်အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အစည်းအဝေးကို နေ့လယ်(၁၂၃၅)နာရီအချိန်တွင် ရပ်နားကြောင်းနှင့် ဒုတိယပိုင်းအစီအစဉ်ကို နေ့လယ်(၁၃၃၀)နာရီအချိန်တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဆက်လက်၍ ဒုတိယအကြိမ်မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန် အစည်းအဝေး(နဝမနေ့) ဒုတိယပိုင်းအစီအစဉ်ကို နေ့လယ်(၁၃၃၀)နာရီအချိန်တွင်  ပြန်လည်စတင် ခဲ့ရာ  ချမ်းမြသာစည်မြို့နယ်၊  မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင် တင်သွင်းထားသည့် “မန္တလေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဉပဒေကြမ်း” နှင့်စပ်လျဉ်း၍ပြင်ဆင်ဖြည့်စွက်ရန်လွှတ်တော်သို့ အမည်စာရင်းတင်သွင်းထားသည့် လွှတ်တော်ကိုယ်စားလှယ် (၅)ဦးက ဆက်လက်ဆွေးနွေးခဲ့ပြီး တစ်ပိုဒ်ချင်းစီအလိုက်အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ ဆောင်ရွက်ခဲ့သည်။

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (နဝမနေ့)ကို ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဒသမနေ့)ကို (၁၇.၂.၂၀၂၀)ရက် (တနင်္လာနေ့) နံနက်(၁၀၀၀)နာရီတွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း ကြေညာကာ(၁၅၅၀)နာရီအချိန်တွင် အစည်းအဝေးအောင်မြင်စွာ ပြီးမြောက်ခဲ့သည်။