လွှတ်တော် / သတင်းများ/ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁ ရက်မြောက်နေ့) ကျင်းပ

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁ ရက်မြောက်နေ့) ကျင်းပ

နေ့စွဲ
18.2.2020
အချိန်

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအ​ဝေး (၁၁)ရက်မြောက်နေ့ကို ၁၈.၂.၂၀၂၀ ရက်နေ့ နံနက်(၁၀၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး၌ အစီအစဉ်(၁၃)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ဒုတိယဥက္ကဌ ဒေါက်တာခင်မောင်ဌေးနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်နှင့် လေ့လာသူ(၁၄)ဦး၊ စုစုပေါင်း(၉၂)ဦး တက်ရောက်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၃)ဦးမေးမြန်းသည့် ကြယ်ပွင့်ပြ မေးခွန်း (၃)ခုကို သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက  ပြန်လည် ဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းသုံးစွဲမှုစိစစ်ရေးကော်မတီဉက္ကဋ္ဌ၊ စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကော်မတီဉက္ကဋ္ဌနှင့် ပြည်သူ့ရေးရာနှင့် လူမှုရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူးတာဝန် ပြောင်းလဲတာဝန်ပေးအပ်ခြင်းနှင့်ပတ်သက်၍ လွှတ်တော်သို့တင်ပြပြီး လွှတ်တော်၏ သဘောထားရယူကာ အတည်ပြုချက်ရယူခြင်းတို့ ဆောင်ရွက်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးလွှတ်တော် ရေးရာကော်မတီ(၆)ခု၏အဖွဲ့ဝင်များ ပြောင်းလဲတာဝန်ပေး အပ်ရန်အမည်စာရင်းများကို  လွှတ်တော်သို့တင်ပြခြင်းနှင့် လွှတ်တော်၏သဘောထားရယူကာ အတည်ပြုချက်ရယူခြင်းတို့ ဆောင်ရွက်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်က တင်သွင်းခဲ့သည့် မန္တလေးတိုင်းဒေသကြီး၏ ၂၀၁၈ ခုနှစ် (ဧပြီလမှစက်တင်ဘာလအထိ) ဘဏ္ဍာငွေအရအသုံးစာရင်းနှင့် လုပ်ငန်းဆောင်ရွက်မှု စစ်ဆေး တွေ့ရှိချက်အစီရင်ခံစာ” နှင့်ပတ်သက်၍ လွှတ်တော်သို့အမည်စာရင်း တင်သွင်းထားသော တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၆)ဦးက ဆွေးနွေးခြင်းနှင့် ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းခြင်း၊ လွှတ်တော်ဉက္ကဋ္ဌက အဆိုပါအစီရင်ခံစာ နှင့်စပ်လျဉ်း၍ လွှတ်တော်က မှတ်တမ်းတင်ရန် လွှတ်တော်၏သဘောထားရယူရာ သဘောတူသည့်အတွက် မန္တလေး တိုင်းဒေသကြီးစာရင်းစစ်ချုပ်က တင်သွင်းခဲ့သည့် မန္တလေးတိုင်းဒေသကြီး၏ ၂၀၁၈ခုနှစ် (ဧပြီလမှ စက်တင်ဘာလအထိ) ဘဏ္ဍာငွေအရအသုံးစာရင်းနှင့် လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးတွေ့ ရှိချက် အစီရင်ခံစာ”ကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာခဲ့သည်။

မန္တလေးတိုင်းဒေသကြီး၏ ၂၀၁၉ – ၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ဌာနအဖွဲ့အစည်းများမှ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံခြင်း လျာထားချက်အဆို” နှင့်ပတ်သက်၍ လွှတ်တော်မှ အတည်ပြုပေးပါရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အဆိုတင်သွင်းပြီး၊ လွှတ်တော်ကိုယ်စားလှယ်(၁)ဦးမှ ထောက်ခံဆွေးနွေးခဲ့သည်။ ၎င်းနောက် လွှတ်တော်ဉက္ကဋ္ဌက ယင်းလျာထားချက်အဆိုနှင့်စပ်လျဉ်းပြီး လွှတ်တော်က ပြင်ဆင်ချက်နှင့်တကွအတည်ပြုနိုင်ရန် လွှတ်တော်၏သဘောထားရယူရာ သဘောတူသည့်အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကတင်သွင်းခဲ့သည့်  မန္တလေးတိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ဌာနအဖွဲ့အစည်းများမှဖြည့်စွက်ခွင့်ပြုငွေတောင်းခံခြင်း လျာထားချက်အဆို” ကို လွှတ်တော်က ပြင်ဆင်ချက်နှင့်တကွ အတည်ပြုကြောင်း ကြေညာခဲ့သည်။

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့အစီအစဉ်(၁၃၀၅)နာရီအချိန်တွင်ပြီးစီးခဲ့ပြီး ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာပြီးမြောက်ခဲ့သည်။