လွှတ်တော် / သတင်းများ/ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့) ကျင်းပ

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့) ကျင်းပ

နေ့စွဲ
19.3.2020
အချိန်

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအ​ဝေး (ပထမနေ့) ကို ၁၉.၃.၂၀၂၀ ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး၌ အစီအစဉ်(၇)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊တိုင်းဒေသကြီး ဥပဒေချုပ် နှင့် တိုင်းဒေသကြီး စာရင်းစစ်ချုပ် စုစုပေါင်း(၇၆)ဦး တက်ရောက်ခဲ့ကြသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က “မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ အစီအစဉ်တွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၂၀ – ၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် အရအသုံးခန့် မှန်းခြေငွေစာရင်းများ” နှင့်ပတ်သက်၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြခြင်း၊ ဒုတိယအကြိမ် မန္တလေး တိုင်း​ဒေသကြီးလွှတ်တော်အနေဖြင့် လွှတ်တော်ရေးရာကော်မတီ(၁၄)ခု ဖွဲ့စည်းခဲ့ပြီးသည့်အနက် ပြည်သူ့ငွေစာရင်းသုံးစွဲမှုစိစစ်ရေးကော်မတီ အဖွဲ့ဝင်အဖြစ် ဖြည့်စွက်တာဝန်ပေးအပ်ရန် အမည် စာရင်းကို လွှတ်တော်သို့တင်ပြခြင်း၊ထို့နောက် လွှတ်တော်ဉက္ကဋ္ဌက အဆိုပါကော်မတီအဖွဲ့ဝင် အဖြစ် ဖြည့်စွက်တာဝန်ပေးခန့်အပ်ခြင်းနှင့်ပတ်သက်၍ လွှတ်တော်၏အတည်ပြုချက်ရယူခြင်းတို့ ဆောင်ရွက် ခဲ့သည်။

ဒုတိယအကြိမ်  မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့)အစီအစဉ်ပြီးဆုံးကြောင်းနှင့် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့) ဆက်လက် ကျင်းပမည့်နေ့ရက်အား လွှတ်တော်ကိုယ်စားလှယ်များထံ အချိန်မီအသိပေး အကြောင်းကြားသွား မည်ဖြစ်ကြောင်း ကြေညာကာ(၁၀၂၀)နာရီအချိန်တွင် အစည်းအဝေးအောင်မြင်စွာ ပြီးမြောက်ခဲ့သည်။