လွှတ်တော် / သတင်းများ/ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (သတ္တမနေ့) ကျင်းပ

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (သတ္တမနေ့) ကျင်းပ

နေ့စွဲ
18.6.2020
အချိန်

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၈)ကြိမ်မြောက်  ပုံမှန်အစည်းအ​ဝေး (သတ္တမနေ့)ကို ၁၈.၆.၂၀၂၀ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး၌ အစီအစဉ်(၆)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ဒုတိယဥက္ကဋ္ဌ  ဒေါက်တာခင်မောင်ဌေးနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ်နှင့် တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ စုစုပေါင်း(၇၇)ဦး တက်ရောက်ခဲ့ကြသည်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၉)ဦးမေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း(၁၁)ခုကို သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက် ခဲ့သည်။

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (သတ္တမနေ့) အစီအစဉ်(၁၁၄၅) နာရီအချိန်တွင်ပြီးစီးခဲ့ပြီး ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာပြီးမြောက်ခဲ့သည်။