လွှတ်တော် / သတင်းများ/ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့) ကျင်းပ

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့) ကျင်းပ

နေ့စွဲ
အချိန်

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၉)ကြိမ်မြောက် ပုံမှန်အစည်းအ​ဝေး (တတိယနေ့)ကို ၂၈.၇.၂၀၂၀ ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး၌ အစီအစဉ်(၈)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်နှင့် ဖိတ်ကြားချက်အရ အစည်းအဝေးသို့ တက်ရောက်သူ(၁)ဦး၊ စုစုပေါင်း(၇၄)ဦး တက်ရောက်ခဲ့ကြသည်။

အဆိုပါအစည်းအဝေးတွင် နိုင်ငံတော်သမ္မတက “မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး” အဖြစ် ဒေါ်ခင်စန်းမြင့်အား ခန့်အပ်တာဝန်ပေးအပ်ကြောင်း လွှတ်တော်သို့ကြေညာ ခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌ၏ရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ် ရေးထိုးခြင်းတို့ ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၃)ဦး မေးမြန်းသည့် ကြယ်ပွင့်ပြ မေးခွန်း(၅)ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်း တို့ကို ဆောင်ရွက်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေများလေ့လာသုံးသပ် ပြင်ဆင်ရေးဆွဲရေးအဖွဲ့က တင်သွင်းထားသည့် “မန္တလေးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့များဥပဒေကြမ်း” နှင့်ပတ်သက်၍ ပြင်ဆင်ဖြည့်စွက်ရန် လွှတ်တော်သို့ အမည်စာရင်းတင်သွင်းထားသည့် တိုင်းဒေသကြီးစည်ပင်သာယာရေး ဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်(၄)ဦးတို့က ဆွေးနွေးခြင်းနှင့် တစ်ပိုဒ်ချင်းစီအလိုက်အတည်ပြုရန် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်းတို့ ဆောင်ရွက်ခဲ့သည်။

ဒုတိယအကြိမ်  မန္တလေးတိုင်းဒေသကြီးလွှတ်တော်  (၁၉)ကြိမ်မြောက်  ပုံမှန်အစည်းအဝေး (တတိယနေ့)ကိုရပ်နားကြောင်းနှင့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို (၂၉.၇.၂၀၂၀)ရက် (ဗုဒ္ဓဟူးနေ့) နံနက်(၁၀၀၀)နာရီတွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း ကြေညာကာ (၁၁၃၀)နာရီအချိန်တွင် အစည်းအဝေးအောင်မြင်စွာပြီးမြောက် ခဲ့သည်။