လွှတ်တော် / သတင်းများ/ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပဉ္စမနေ့) ကျင်းပ

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပဉ္စမနေ့) ကျင်းပ

နေ့စွဲ
အချိန်

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၉)ကြိမ်မြောက် ပုံမှန်အစည်းအ​ဝေး (ပဉ္စမနေ့)ကို ၃၀.၇.၂၀၂၀ ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး၌ အစီအစဉ်(၇)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ်နှင့် တိုင်းဒေသကြီး စာရင်းစစ်ချုပ် စုစုပေါင်း(၇၅)ဦး တက်ရောက်ခဲ့ကြ သည်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၄)ဦး မေးမြန်းသည့် ကြယ်ပွင့်ပြ မေးခွန်း(၅)ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက် ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေများလေ့လာသုံးသပ်ပြင်ဆင်ရေးဆွဲရေးအဖွဲ့က တင်သွင်းထားသည့် “မန္တလေးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့များဥပဒေကြမ်း” နှင့်ပတ်သက်၍ပြင်ဆင်ဖြည့်စွက်ရန် လွှတ်တော်သို့ အမည်စာရင်းတင်သွင်းထားသည့် တိုင်းဒေသကြီးစည်ပင်သာယာရေး ဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်(၅)ဦးက ဆွေးနွေးခြင်းနှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီနှင့် ဥပဒေများလေ့လာသုံးသပ်ပြင်ဆင်ရေးဆွဲရေးအဖွဲ့တို့က ပြန်လည်ဆွေးနွေးပြီး တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးကို နေ့လယ် (၁၁:၅၅)နာရီအချိန်တွင် ရပ်နားကြောင်းနှင့် ဒုတိယပိုင်းအစီအစဉ်ကို နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။  

ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ်ကို နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် ပြန်လည်စတင်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေများလေ့လာသုံးသပ်ပြင်ဆင်ရေးဆွဲရေးအဖွဲ့က တင်သွင်း ထားသည့် “မန္တလေးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့များဥပဒေကြမ်း” နှင့်စပ်လျဉ်း၍ပြင်ဆင် ဖြည့်စွက်ရန် လွှတ်တော်သို့ အမည်စာရင်းတင်သွင်းထားသည့် တိုင်းဒေသကြီးစည်ပင်သာယာရေး ဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်(၅)ဦးက ဆက်လက်ဆွေးနွေးခြင်း၊  ဥပဒေပြုရေးဆိုင်ရာကော်မတီ နှင့် ဥပဒေများလေ့လာသုံးသပ်ပြင်ဆင်ရေးဆွဲရေးအဖွဲ့တို့က ပြန်လည်ဆွေးနွေးပြီး တစ်ပိုဒ်ချင်းစီ အလိုက်အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ ဆောင်ရွက်ခဲ့သည်။

ဒုတိယအကြိမ်  မန္တလေးတိုင်းဒေသကြီးလွှတ်တော်  (၁၉)ကြိမ်မြောက်  ပုံမှန်အစည်းအဝေး (ပဉ္စမနေ့)ကိုရပ်နားကြောင်းနှင့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ကို (၅.၈.၂၀၂၀)ရက် (ဗုဒ္ဓဟူးနေ့) နံနက်(၁၀၀၀)နာရီတွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း ကြေညာကာ (၁၄၅၀)နာရီအချိန်တွင် အစည်းအဝေးအောင်မြင်စွာ ပြီးမြောက် ခဲ့သည်။