လွှတ်တော် / သတင်းများ/ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (အဋ္ဌမနေ့)ဆက်လက်ကျင်းပ

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (အဋ္ဌမနေ့)ဆက်လက်ကျင်းပ

နေ့စွဲ
1.3.2019
အချိန်

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအ​ဝေး (အဋ္ဌမနေ့)ကို ၁.၃.၂၀၁၉ ရက်နေ့ နံနက်(၁၀၀၀)နာရီ အချိန်တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး၌ အစီအစဉ်(၁၀)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မန္တလေး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဋ္ဌေး နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီး များ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်နှင့် လေ့လာ သူ (၂)ဦး၊  စုစုပေါင်း(၇၉)ဦး တက်ရောက်ခဲ့ကြသည်။

အဆိုပါပုံမှန်အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇)ဦး မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီ၏ လုပ်ငန်း ဆောင်ရွက်ချက်အစီရင်ခံစာကို ကော်မတီအဖွဲ့ဝင်က ဖတ်ကြားတင်သွင်းခြင်း၊ အစီရင်ခံစာ နှင့်ပတ်သက်၍ လွှတ်တော်ဥက္ကဋ္ဌက မှတ်တမ်းတင်ရန် လွှတ်တော်၏ သဘောထား ရယူပြီး သဘောတူသည့်အတွက် လွှတ်တော်တွင် မှတ်တမ်းတင်ကြောင်း ကြေညာခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က တင်သွင်းထားသည့် “မန္တလေးတိုင်းဒေသကြီး မြေယာခွန် ဥပဒေမူကြမ်း”နှင့်ပတ်သက်၍ လွှတ်တော်မှ အတည်ပြုပေးပါရန်  သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးက တင်သွင်းခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌက “မန္တလေးတိုင်းဒေသကြီး မြေယာခွန် ဥပဒေမူကြမ်း”နှင့်စပ်လျဉ်း၍ လွှတ်တော်၏သဘောထားရယူပြီး သဘောတူသည့် အတွက် ပြင်ဆင်ချက်နှင့်တကွ အတည်ပြုကြောင်း ကြေညာခဲ့သည်။

ဒုတိယအကြိမ်  မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး  (အဋ္ဌမနေ့)အစီအစဉ်ကို (၁၂၀၀)နာရီအချိန်တွင် ပြီးစီးခဲ့ပြီး ဒုတိယအကြိမ်မန္တလေးတိုင်းဒေသကြီး လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အောင်မြင်စွာပြီးမြောက်ခဲ့သည်။