လွှတ်တော် / သတင်းများ/ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေး (ဒုတိယနေ့ )ကျင်းပပ

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေး (ဒုတိယနေ့ )ကျင်းပပ

နေ့စွဲ
15.2.2019
အချိန်

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအ​ဝေး (ဒုတိယနေ့)ကို ၁၅.၂.၂၀၁၉ ရက်နေ့ နံနက်(၁၀၀၀)နာရီ အချိန်တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး၌ အစီအစဉ်(၉)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မန္တလေး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဋ္ဌေးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် တိုင်းဒေသကြီးစာရင်းစစ်ချုပ် စုစုပေါင်း(၇၉)ဦး တက်ရောက်ခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၅)ဦး မေးမြန်းသည့် ကြယ်ပွင့်ပြ မေးခွန်း(၁၀)ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်း တို့ကို ဆောင်ရွက်ခဲ့သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က “မန္တလေးတိုင်းဒေသကြီး၏ ယစ်မျိုးခွန် ကောက်ခံရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)”ကို လွှတ်တော်သို့တင်သွင်းခြင်း၊ မန္တလေး တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌက “မန္တလေးတိုင်းဒေသကြီး၏ ယစ်မျိုးခွန်ကောက်ခံရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)”နှင့်စပ်လျဉ်း၍ အစီရင်ခံစာ ဖတ်ကြားတင်သွင်းခြင်း၊ ၎င်းနောက်  လွှတ်တော်ဥက္ကဋ္ဌမှ  “မန္တလေးတိုင်းဒေသကြီး၏ ယစ်မျိုးခွန်ကောက်ခံရေးဥပဒေကို  ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)”နှင့် စပ်လျဉ်း၍   ဆွေးနွေးလိုသည့်   လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်းနှင့် ဆွေးနွေးမည့်နေ့ရက်ကို ကြေညာခဲ့သည်။ ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(တတိယနေ့)ကို (၁၈.၂.၂၀၁၉)ရက် (တနင်္လာနေ့) နံနက် (၁၀၀၀) နာရီတွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း ကြေညာကာ (၁၁၀၀)နာရီအချိန်တွင် အစည်းအဝေး အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။