လွှတ်တော် / သတင်းများ/ဒုတိယအကြိမ်   မန္တလေးတိုင်းဒေသကြီးလွှတ်တော်   (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအ​ဝေး (သတ္တမနေ့) ကျင်းပ

ဒုတိယအကြိမ်   မန္တလေးတိုင်းဒေသကြီးလွှတ်တော်   (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအ​ဝေး (သတ္တမနေ့) ကျင်းပ

နေ့စွဲ
10.2.2020
အချိန်

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအ​ဝေး (သတ္တမနေ့) ကို ၁၀.၂.၂၀၂၀ ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး၌ အစီအစဉ်(၁၀)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်နှင့် လေ့လာသူ(၁)ဦး စုစုပေါင်း(၇၇)ဦး တက်ရောက်ခဲ့ကြသည်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၅)ဦး မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း(၆)ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်က မန္တလေးတိုင်းဒေသကြီး၏ ၂၀၁၈ခုနှစ် (ဧပြီလမှစက်တင်ဘာလအထိ) ဘဏ္ဍာငွေအရအသုံးစာရင်းနှင့် လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာ”ကို လွှတ်တော်သို့တင်သွင်းခြင်း၊ မန္တလေးတိုင်းဒေသကြီး စာရင်းစစ်ချုပ် တင်သွင်းထားသည့် အစီရင်ခံစာနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ပြည်သူ့ငွေစာရင်းသုံးစွဲမှု စိစစ်ရေးကော်မတီ၏ အစီရင်ခံစာကိုကော်မတီဉက္ကဋ္ဌမှ ဖတ်ကြားတင်သွင်းခဲ့သည်။

၎င်းနောက် လွှတ်တော်ဉက္ကဋ္ဌက မန္တလေးတိုင်းဒေသကြီး၏ ၂၀၁၈ခုနှစ်(ဧပြီလမှ စက်တင် ဘာလအထိ) ဘဏ္ဍာငွေအရအသုံးစာရင်းနှင့် လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ”  နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသူရှိပါက ဆွေးနွေးလိုသည့် အပိုဒ်၊ အပိုဒ်ခွဲ ကို တိကျစွာ ဖော်ပြ၍ အမည်စာရင်းပေးသွင်းနိုင်ကြောင်းနှင့် ဆွေးနွေးမည့်နေ့ရက်ကို ကြေညာခြင်း၊ ချမ်းမြသာစည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်တင်သွင်းထားသည့် မန္တလေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဉပဒေကြမ်း”နှင့်ပတ်သက်၍ ဆွေးနွေးမည့်နေ့ရက်ကို ပြောင်းလဲသတ်မှတ်ကြောင်း ကြေညာ ခဲ့သည်။

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (သတ္တမနေ့)ကိုရပ်နားကြောင်းနှင့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (အဋ္ဌမနေ့) ကို (၁၁.၂.၂၀၂၀)ရက်(အင်္ဂါနေ့) (၁၀၀၀)နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာကာ(၁၁၃၅)နာရီအချိန်တွင် အစည်းအဝေး အောင်မြင်စွာပြီးမြောက်ခဲ့သည်။