လွှတ်တော် / သတင်းများ/ဒေသန္တရစီမံကိန်း၊ အရအသုံးငွေစာရင်းနှင့်ဘဏ္ဍာရေးဆိုင်ရာကော်မတီနှင့် ပြည်သူ့ငွေစာရင်းသုံးစွဲမှု စိစစ်ရေးကော်မတီ ပူးပေါင်းအစည်းအဝေးကျင်းပ

ဒေသန္တရစီမံကိန်း၊ အရအသုံးငွေစာရင်းနှင့်ဘဏ္ဍာရေးဆိုင်ရာကော်မတီနှင့် ပြည်သူ့ငွေစာရင်းသုံးစွဲမှု စိစစ်ရေးကော်မတီ ပူးပေါင်းအစည်းအဝေးကျင်းပ

နေ့စွဲ
31.1.2020
အချိန်
1:30 PM to 3:00 PM

(၃၁.၁.၂၀၂၀) ရက်နေ့ (၁၃၃၀)အချိန်မှ (၁၅၀၀)နာရီအချိန်ထိ မန္တလေးတိုင်း ဒေသကြီးလွှတ်တော် ဒေသန္တရစီမံကိန်း၊ အရအသုံးငွေစာရင်းနှင့်ဘဏ္ဍာရေးဆိုင်ရာကော်မတီ အစည်းအဝေးခန်းမတွင် ပြည်သူ့ငွေစာရင်းသုံးစွဲမှုစိစစ်ရေးကော်မတီနှင့် ဒေသန္တရစီမံကိန်း၊ အရအသုံးငွေစာရင်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီ (၂)ရပ်ပူးပေါင်း၍ မန္တလေးတိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ဌာန၊ အဖွဲ့အစည်းများမှ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံလာသော စာရင်းများအားစိစစ်၍ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။