လွှတ်တော် / သတင်းများ/ဒေသန္တရစီမံကိန်း၊ အရအသုံးငွေစာရင်းနှင့်ဘဏ္ဍာရေးဆိုင်ရာကော်မတီ၊ ပြည်သူ့ငွေစာရင်းသုံးစွဲမှု စိစစ်ရေးကော်မတီနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကော်မတီ ပူးပေါင်းအစည်းအဝေးကျင်းပ

ဒေသန္တရစီမံကိန်း၊ အရအသုံးငွေစာရင်းနှင့်ဘဏ္ဍာရေးဆိုင်ရာကော်မတီ၊ ပြည်သူ့ငွေစာရင်းသုံးစွဲမှု စိစစ်ရေးကော်မတီနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကော်မတီ ပူးပေါင်းအစည်းအဝေးကျင်းပ

နေ့စွဲ
23.3.2020
အချိန်
10:00 AM to 1:00 PM

(၂၃.၃.၂၀၂၀) ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်မှ (၁၃၀၀)နာရီအချိန်ထိ မန္တလေးတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမငယ်၌ ဒေသန္တရစီမံကိန်း၊ အရအသုံးငွေစာရင်းနှင့်ဘဏ္ဍာရေးဆိုင်ရာ ကော်မတီ၊ ပြည်သူ့ငွေစာရင်းသုံးစွဲမှု စိစစ်ရေးကော်မတီနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေး ကော်မတီ (၃)ရပ်ပူးပေါင်း၍ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာန (ဆည်မြောင်းဦးစီး ဌာန)၊ ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာန(ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန)များမှ တာဝန် ရှိသူများနှင့်တွေ့ဆုံကာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဌာနများ၏အရအသုံးငွေစာရင်းများကို  ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။