လွှတ်တော် / သတင်းများ/ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီအစည်းအဝေး ကျင်းပ

ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီအစည်းအဝေး ကျင်းပ

နေ့စွဲ
6.9.2019
အချိန်
10:00 AM to 1:15 PM

၆.၉.၂၀၁၉ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်မှ မွန်းလွဲ(၁:၁၅)အချိန်ထိ မန္တလေးတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမငယ်၌ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝယ်ယူထားသော စက်၊ ယာဉ်၊ ယန္တရားများနှင့် ကျေးလက်လမ်းလုပ်ငန်းများအား မြို့နယ်အလိုက် မျှဝေခြင်းစနစ်ဖြင့် လုပ်ဆောင် နေမှုနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၁၅/၂၀၁၉)အား ကျင်းပပြုလုပ် ခဲ့သည်။