လွှတ်တော် / သတင်းများ/ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီကွင်းဆင်း

ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီကွင်းဆင်း

နေ့စွဲ
21.6.2020
အချိန်

(၂၁.၆.၂၀၂၀)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရမည်းသင်းခရိုင် ကျေးလက်လမ်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန EE ၊ ပျော်ဘွယ်မြို့နယ် ကျေးလက်လမ်းဦးစီးဌာန SAE များနှင့် ပူးပေါင်းကာ ပျော်ဘွယ်မြို့နယ်သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးလက်လမ်း၊ တံတား၊ သောက်သုံးရေကန်များ ဆောင်ရွက်နိုင်ရန်နှင့် ဆောင်ရွက်နေသော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။