လွှတ်တော် / သတင်းများ/ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီကွင်းဆင်း

ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီကွင်းဆင်း

နေ့စွဲ
28.6.2020
အချိန်

(၂၈.၆.၂၀၂၀)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မိတ္ထီလာခရိုင် ကျေးလက်လမ်းများ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးများ၊ ကျေးလက်လမ်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူးများ၊ ဖွံ့ဖြိုးရေးအဖွဲ့ဝင်များနှင့် ပူးပေါင်းကာ မိတ္ထီလာမြို့နယ်နှင့် သာစည်မြို့နယ်များသို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် ကျေးလက်လမ်းများ ဖောက်လုပ်နိုင်ရန်နှင့် ရှိပြီးလမ်းများ အဆင့်မြှင့်တင်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။