လွှတ်တော် / သတင်းများ/မန္တလေးတိုင်းဒေသကြီးလွှတ်တော် Website လွှင့်တင်ခြင်းနှင့် မန္တလေးတိုင်းဒေသကြီး လွှတ်တော် သက်တမ်းဝက်အစီရင်ခံစာ မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီးလွှတ်တော် Website လွှင့်တင်ခြင်းနှင့် မန္တလေးတိုင်းဒေသကြီး လွှတ်တော် သက်တမ်းဝက်အစီရင်ခံစာ မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ

နေ့စွဲ
15.2.2019
အချိန်

၁၅.၂.၂၀၁၉ ရက်နေ့ နေ့လည်(၁:ဝဝ) အချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် သဘင်ဆောင် ခန်းမ၌ မန္တလေးတိုင်းဒေသကြီးလွှတ်တော် Website လွှင့်တင်ခြင်းနှင့် မန္တလေးတိုင်းဒေသကြီး လွှတ်တော် သက်တမ်းဝက်အစီရင်ခံစာ မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားအား ကျင်းပပြုလုပ် ခဲ့သည်။ အဆိုပါ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးမှ အဖွင့်အမှာစကားပြောကြားပြီး စာကြည့်တိုက်ကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါ်လှလှဝင်းမှ Website နှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား လွှဲပြောင်း ပေးအပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်ဇော် မှ လက်ခံရယူခဲ့သည်။၎င်းနောက် မေတ္တာကမ်ပိန်းလူငယ်အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသန်းမြတ်စိုးက Website နှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြမိတ်ဆက်၍ ကျေးဇူတင်စကား ပြောကြားခြင်း၊ မေတ္တာကမ်ပိန်းလူငယ်အဖွဲ့မှ ဦးဇော်ဝင်းအောင်က သက်တမ်းဝက်အစီရင်ခံစာ မိတ်ဆက်ရှင်းလင်းတင်ပြခြင်း၊ ထို့နောက် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စာကြည့်တိုက် ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခွန်ကျော်ဦးမှ ကျေးဇူးတင်စကားပြောကြားခြင်းနှင့် စာကြည့်တိုက်ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင် ဒေါက်တာတေဇာဆန်းမှ မုဒိတာစကား ပြောကြားခဲ့ပြီး အခမ်းအနားအား အောင်မြင်စွာပြီးမြောက်ခဲ့သည်။ ယင်းအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ စာကြည့်တိုက်ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ၊ မေတ္တာကမ်ပိန်း လူငယ်အဖွဲ့ဝင်များ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။