လွှတ်တော် / သတင်းများ/မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးအား လာရောက်ဂါရ၀ပြုတွေ့ဆုံ

မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးအား လာရောက်ဂါရ၀ပြုတွေ့ဆုံ

နေ့စွဲ
16.5.2019
အချိန်

(၁၆.၅.၂၀၁၉)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဧည့်ခန်းမ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Standing Committee Of Shaanxi Provincial People’s Congress မှ Deputy Chairman ဖြစ်သူ Mr. Guo Qing ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး လာရောက် ဂါရ၀ပြုတွေ့ဆုံဆွေးနွေး ကြပြီး အမှတ်တရပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊  မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေး၊ Mr. Guo Qing ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးတို့ တက်ရောက်ကြသည်။