လွှတ်တော် / သတင်းများ/မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး၀န်ထမ်းများ၏ လစဉ်ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး၀န်ထမ်းများ၏ လစဉ်ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပ

နေ့စွဲ
29.7.2019
အချိန်
10:00 AM to 10:45 AM

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး၀န်ထမ်းများ၏ လစဉ်ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားအား (၂၉.၇.၂၀၁၉)ရက်နေ့ နံနက် (၁၀:ဝဝ)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး သဘင်ဆောင်ခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်ဇော်မှ အဖွင့်အမှာစကားပြောကြား ပြီးနောက် သက်ဆိုင်ရာဌာနခွဲ၊ ဌာနစုများအလိုက် ဝန်ထမ်းများမှ ဆန္ဒဖော်ထုတ်တင်ပြခဲ့ကာ အခမ်းအနားအား နံနက်(၁၀:၄၅)အချိန်တွင် ရုတ်သိမ်းခဲ့သည်။