လွှတ်တော် / သတင်းများ/မန္တလေးတိုင်းဒေသကြီးလွှတ်တော် စက်မှု၊ စွမ်းအင်နှင့် လျှပ်စစ်ရေးရာကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကွင်းဆင်း

မန္တလေးတိုင်းဒေသကြီးလွှတ်တော် စက်မှု၊ စွမ်းအင်နှင့် လျှပ်စစ်ရေးရာကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကွင်းဆင်း

နေ့စွဲ
16.8.2019
အချိန်

၁၆.၈.၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စက်မှု၊ စွမ်းအင်နှင့် လျှပ်စစ်ရေးရာကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မြစ်သားမြို့နယ် ဒါးရဲကောင်းကျေးရွာအုပ်စု၊ ဒါးရဲကောင်းစံပြကျေးရွာ 33/11KV 10 MVA ဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးနေမှုအခြေအနေအား သွားရောက်စစ်ဆေးခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မန္တလေးတိုင်းဒေသကြီး အစိုးရ ရန်ပုံငွေဖြင့်် ဆောင်ရွက်ခဲ့ပြီးသော တံတားဦးမြို့နယ် ဂွေးဆောင်ကျေးရွာ 11 KV လိုင်း ဓာတ်အားချိတ်ဆက် ပေးခြင်းလုပ်ငန်းအား ပြီးစီးအောင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။