လွှတ်တော် / သတင်းများ/မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး၀န်ထမ်းများ၏ လစဉ်ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး၀န်ထမ်းများ၏ လစဉ်ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပ

နေ့စွဲ
1.10.2019
အချိန်

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး၀န်ထမ်းများ၏ လစဉ်ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားအား (၁.၁၀.၂၀၁၉)ရက်နေ့ နံနက်(၁၀ဝဝ)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး သဘင်ဆောင်ခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်ဇော်မှ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၊ အရာထမ်းငယ်အခြေခံသင်တန်းအမှတ်စဉ်(၇၁)တွင် သင်တန်းသားထူးချွန်ဆု ရရှိခဲ့သော ဒုတိယဦးစီးမှူး၊ ဒေါ်ဝေဝေမွန်အား ဆုချီးမြှင့်ခဲ့သည်။ ၎င်းနောက် သက်ဆိုင်ရာဌာနခွဲ၊ ဌာနစုများအလိုက် ဝန်ထမ်းများမှ ဆန္ဒဖော်ထုတ်တင်ပြခဲ့ကာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်ဇော်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားအား နံနက်(၁၀၃၀) အချိန်တွင် ရုတ်သိမ်းခဲ့သည်။