လွှတ်တော် / သတင်းများ/မန္တလေးတိုင်းဒေသကြီးလွှတ်တော် တင်ဒါကော်မတီအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီးလွှတ်တော် တင်ဒါကော်မတီအစည်းအဝေးကျင်းပ

နေ့စွဲ
2.12.2019
အချိန်
2:00 PM to 3:45 PM

(၂.၁၂.၂၀၁၉)ရက်နေ့ (၁၄၀၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ခန်းမငယ်၌ တင်ဒါကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားတွင် တင်ဒါ ကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တင်ဒါကော်မတီအတွင်းရေးမှူး၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်ဇော်မှ တင်ဒါခေါ်ယူရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။ ၎င်းနောက် တက်ရောက်လာကြသူများမှ အထွေထွေ ဆွေးနွေးခဲ့ကြပြီး တင်ဒါကော်မတီဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အခမ်းအနားအား (၁၅၄၅)အချိန်တွင် ပြီးမြောက်ခဲ့သည်။