လွှတ်တော် / သတင်းများ/မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယညွှန်ကြားရေးမှူးချုပ်အား NDI မှ လာရောက်တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယညွှန်ကြားရေးမှူးချုပ်အား NDI မှ လာရောက်တွေ့ဆုံ

နေ့စွဲ
16.12.2019
အချိန်

(၁၆.၁၂.၂၀၁၉) ရက်နေ့ (၁၁၀၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ခန်းမငယ်၌ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယညွှန်ကြားရေးမှူးချုပ်အား NDI (National Democratic Institute for International Affairs) မှ တာဝန်ရှိသူတို့က လာရောက်တွေ့ဆုံခဲ့သည်။ ၎င်းနောက် NDI  အနေဖြင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် လွှတ်တော်အရင်းအမြစ်စင်တာ ဖွင့်လှစ်၍ လွှတ်တော်၏ သုတေသနပြုလုပ်ခြင်းဆိုင်ရာ အရည်အသွေးတိုးမြှင့်ခြင်း၊ လွှတ်တော် ကော်မတီများနှင့် ကိုယ်စားလှယ်များ၏ ပြည်သူလူထုနှင့် ထိတွေ့သော အစီအစဉ်များပိုမိုပံ့ပိုး ပေးခြင်း၊ ပါတီ၏မဟာဗျူဟာနှင့် ဥပဒေပြုရေးအစီအစဉ် ကိုက်ညီစေရန် ပံ့ပိုးပေးခြင်း၊ လွှတ်တော် ကော်မတီများ၏ ဥပဒေကြမ်းရေးဆွဲမှုများ၊ ဥပဒေ အကောင်အထည်ဖော်မှုများ စောင့်ကြည့်ခြင်း၊ ပြည်သူ့ကြားနာပွဲများ၊ ကွင်းဆင်းမှုများနှင့် မူဝါဒပိုင်းဆိုင်ရာ ဆွေးနွေးပွဲများကိုပြုလုပ်ပေးခြင်း စသည့် NDI ၏နည်းပညာထောက်ပံ့မှုများအား တိုးချဲ့ဆောင်ရွက်ရန်အတွက် တွေ့ဆုံဆွေးနွေး တင်ပြခဲ့သည်။