လွှတ်တော် / သတင်းများ/မန္တလေးတိုင်းဒေသကြီးလွှတ်တော် တင်ဒါကော်မတီအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီးလွှတ်တော် တင်ဒါကော်မတီအစည်းအဝေးကျင်းပ

နေ့စွဲ
18.12.2019
အချိန်
2:00 PM to 3:25 PM

(၁၈.၁၂.၂၀၁၉)ရက်နေ့ (၁၄၀၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ခန်းမငယ်၌ တင်ဒါကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားတွင် တင်ဒါကော်မတီအတွင်းရေးမှူး၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်ဇော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ တင်ဒါဖွင့်လှစ်ရေး ကိစ္စရပ်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ကုမ္ပဏီများနှင့် တင်ဒါကိစ္စရပ်များ ဆွေးနွေးခဲ့ကြပြီး တင်ဒါရွေးချယ်မှုနှင့်ပတ်သက်၍ ကြေညာခဲ့သည်။ ၎င်းနောက် တင်ဒါကော်မတီအတွင်းရေးမှူးမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အခမ်းအနားအား (၁၅၂၅)အချိန်တွင် ပြီးမြောက်ခဲ့သည်။