လွှတ်တော် / သတင်းများ/မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး၀န်ထမ်းများ၏ လစဉ်ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး၀န်ထမ်းများ၏ လစဉ်ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပ

နေ့စွဲ
30.12.2019
အချိန်
09:45 AM to 10:25 AM

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး၀န်ထမ်းများ၏ လစဉ်ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားအား (၃၀.၁၂.၂၀၁၉)ရက်နေ့ (၀၉၄၅)အချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး သဘင်ဆောင်ခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်ဇော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနခွဲ၊ ဌာနစုများအလိုက် ဝန်ထမ်းများမှ ဆန္ဒဖော်ထုတ်တင်ပြခဲ့သည်။ ၎င်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်ဇော် နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အခမ်းအနားအား (၁၀၂၅)အချိန်တွင် ရုတ်သိမ်းခဲ့သည်။