လွှတ်တော် / သတင်းများ/မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် 2019 Novel Coronavirus ရောဂါကာကွယ်နှိမ်နင်းရေး အသိပေးဆွေး‌နွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် 2019 Novel Coronavirus ရောဂါကာကွယ်နှိမ်နင်းရေး အသိပေးဆွေး‌နွေးပွဲကျင်းပ

နေ့စွဲ
11.2.2020
အချိန်

(၁၁.၂.၂၀၂၀)ရက်နေ့ (၁၃၀၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်သဘင်ဆောင် ခန်းမ၌ မန္တလေးတိုင်းဒေသကြီး ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသင်းသင်းနွယ်က 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော လက်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အသိပေးဆွေးနွေးခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ‌ဒေါက်တာခင်မောင်ဌေး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

2019 Novel Coronavirus (2019–nCoV) နှင့်စပ်လျဉ်း၍ သတင်းအချက်အလက်အသစ်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန်အတွက် အောက်ပါ Linkတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

https://mohs.gov.mm/Main/content/publication/2019-ncov