လွှတ်တော် / သတင်းများ/ရေးရာကော်မတီများမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရငွေသုံးငွေများ စိစစ်ခြင်း အစည်းအဝေးကျင်းပ

ရေးရာကော်မတီများမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရငွေသုံးငွေများ စိစစ်ခြင်း အစည်းအဝေးကျင်းပ

နေ့စွဲ
25.3.2020
အချိန်

(၂၅.၃.၂၀၂၀)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၏ ရေးရာကော်မတီများဖြစ်ကြသော လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီသည် နံနက်(၁၀၀၀)နာရီမှ (၁၁၃၀)အချိန်ထိ လည်းကောင်း၊ လုံခြုံရေး၊ စီမံခန့်ခွဲရေးနှင့် စည်ပင်သာယာရေးကော်မတီသည် နံနက်(၁၀၀၀)နာရီမှ (၁၂၃၀)အချိန်ထိလည်းကောင်း၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီသည် နံနက်(၁၀၀၀)နာရီမှ (၁၃၁၅)အချိန်ထိလည်းကောင်း၊ ၎င်းတို့၏ရေးရာကော်မတီ အစည်းအဝေး ခန်းမများ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၏ ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေငွေစာရင်း လျာထားချက်များအား စိစစ်ခြင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြသည်။