လွှတ်တော် / သတင်းများ/လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေ့စွဲ
22.5.2019
အချိန်
10:00 AM To 4:00 PM

၂၂.၅.၂၀၁၉ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်မှ မွန်းလွဲ(၄:၀၀)နာရီအချိန်ထိ မန္တလေး တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမငယ်တွင် ဒုတိယအကြိမ်၊ မန္တလေး တိုင်းဒေသကြီး လွှတ်တော်၊ တတိယပုံမှန်အစည်းအဝေးတွင် ပြင်ဦးလွင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁) ဦးအောင်မင်း တင်သွင်းခဲ့သော သစ်တော ဦးစီးဌာနမှ သစ်တောမြေများကို ကော်ဖီ၊ ပိုးဇာ၊ နှစ်ရှည်ပင် စိုက်ခင်းဧကကြီးများ ဆောင်ရွက်ရန် အကြောင်းပြချက်ဖြင့် ပုဂလိကသို့ ဧကများစွာ ချထားပေးခဲ့ပြီး ဥပဒေမဲ့အကွက်ရိုက် ရောင်းချြခင်း၊ လွှဲပြောင်းရောင်းချခြင်းများကို ထိရောက်စွာ အရေးယူဆောင်ရွက်ရန် တိုက်တွန်းကြောင်း အဆို နှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆောင်ရွက်ပြီးစီးမှုအား မန္တလေးတိုင်းဒေသကြီး လွှတ်တော်သို့ ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။