လွှတ်တော် / စာကြည့်တိုက် / ဝန်ဆောင်မှုများ

စာကြည့်တိုက် ဝန်ဆောင်မှုများ



မန္တလေးတိုင်းဒေသကြီးလွှတ်တော် စာကြည့်တိုက်ကို စတင်ဖွင့်လှစ်သည့်အချိန်မှစ၍ ယနေ့အထိ မြန်မာစာအုပ်အမျိုးအစား (၂၃၅၈) အုပ်နှင့် အင်္ဂလိပ်စာအုပ်အမျိုးအစား (၂၄၇) အုပ်၊ စုစုပေါင်း (၂၆၀၅) အုပ်စုဆောင်းထားရှိပါသည်။

စာငှါးစနစ်

လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများသည် စာအုပ်များငှါး ရမ်းလိုပါက စာကြည့်တိုက်အသင်းဝင်မှတ်ပုံတင်ပြုလုပ်ပြီး စာအုပ်ငှါးကတ်ထုတ်ယူသုံးစွဲနိုင် မည်ဖြစ်ပါသည်။ စာအုပ်များကို တစ်ဦးလျှင် (၂)အုပ်နှုန်းဖြင့် ရက်သတ္တပတ် ငှါးရမ်းပေးမည် ဖြစ်ပြီး ငှါးရမ်းခွင့်ရက်ပြည့်၍ ဖတ်ရှုမပြီးသေးလျှင် စာကြည့်တိုက်မှ ရက်သတ္တပတ်တိုး၍ ထပ်မံငှါးရမ်းခွင့်ပြုထားပါသည်။

ရည်ညွှန်း

အထူးစာကြည့်တိုက်(Special Library) အမျိုးအစားဖြစ်သဖြင့် လွှတ်တော်ကိုယ် စားလှယ်များအတွက် ခိုင်မာစိတ်ချရသော၊ စစ်မှန်ယုံကြည်ရသော သတင်းအချက်အလက် များ၊ အကိုးအကားများကို ဝန်ဆောင်ဖြည့်ဆည်းပေးနေပါသည်။

စာကြည့်တိုက်တွင် နေ့စဉ်ထုတ် - မြန်မာ့အလင်းသတင်းစာ - မန္တလေးသတင်းစာ - Daily Eleven - The Global New Light of Myanmar

အပတ်စဉ်ထုတ် - 7 Day News Journal - The Voice Weekly - Weekly Eleven နှင့် Wave မဂ္ဂဇင်းများကို လေ့လာဖတ်ရှုနိုင်ပါသည်။ စာကြည့်တိုက်တွင် အင်တာနက်အသုံးပြုနိုင်ရန် Free Wifi တပ်ဆင်ပေးထားပြီး Computer များ စီစဉ်ထားရှိပါသည်။