လွှတ်တော် / သတင်းများ/သတင်းမီဒီယာများမှ သိရှိလိုသည်များမေးမြန်းခြင်းနှင့်ပြန်လည်ရှင်းလင်းဖြေကြားခြင်း

သတင်းမီဒီယာများမှ သိရှိလိုသည်များမေးမြန်းခြင်းနှင့်ပြန်လည်ရှင်းလင်းဖြေကြားခြင်း

နေ့စွဲ
12.7.2019
အချိန်

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအ​ဝေး(၁/၂၀၁၉)(ဒုတိယနေ့) ကျင်းပပြီးစီးသည့်အချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် သတင်းမီဒီယာခန်းမ၌ သတင်း မီဒီယာများမှ မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန် လွှတ်တော်ကသဘောတူအတည်ပြုထားသည့် ကျောက်ဆည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်နှင့် မန္တလေးတိုင်းဒေသကြီး  တရားလွှတ်တော် တရားသူကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန် လွှတ်တော်ကသဘောတူအတည်ပြုထားသည့် ဒေါ်လှမြင့်တို့အား သိရှိလိုသည်များကို မေးမြန်းခြင်းနှင့် ပြန်လည်ရှင်းလင်း ဖြေကြားခြင်းတို့ ဆောင်ရွက်ခဲ့သည်။