လွှတ်တော် / သတင်းများ/သတင်းမီဒီယာများမှ သိရှိလိုသည်များမေးမြန်းခြင်းနှင့်ပြန်လည်ရှင်းလင်းဖြေကြားခြင်း

သတင်းမီဒီယာများမှ သိရှိလိုသည်များမေးမြန်းခြင်းနှင့်ပြန်လည်ရှင်းလင်းဖြေကြားခြင်း

နေ့စွဲ
15.7.2019
အချိန်

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအ​ဝေး(၁/၂၀၁၉)(တတိယနေ့) ကျင်းပပြီးစီးသည့်အချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် သတင်းမီဒီယာခန်းမ၌ သတင်း မီဒီယာများမှ ဒေသန္တရစီမံကိန်း၊ အရအသုံးငွေစာရင်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ တာဝန်ပြောင်းလဲ တာဝန်ပေးအပ်ခြင်းခံရသည့် နွားထိုးကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိန်ကျော်မိုးအား သိရှိလိုသည်များကို မေးမြန်းခြင်းနှင့် ပြန်လည်ရှင်းလင်း ဖြေကြားခြင်းတို့ ဆောင်ရွက်ခဲ့သည်။