လွှတ်တော် / သတင်းများ/ဥပဒေပြုရေးဆိုင်ရာကော်မတီနှင့် လုံခြုံရေး၊ စီမံခန့်ခွဲရေးနှင့် စည်ပင်သာယာရေးကော်မတီ (၂)ရပ်မှ ကြားနာပွဲပြုလုပ်နိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးအား ကျင်းပ

ဥပဒေပြုရေးဆိုင်ရာကော်မတီနှင့် လုံခြုံရေး၊ စီမံခန့်ခွဲရေးနှင့် စည်ပင်သာယာရေးကော်မတီ (၂)ရပ်မှ ကြားနာပွဲပြုလုပ်နိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးအား ကျင်းပ

နေ့စွဲ
7.2.2019
အချိန်

၇.၂.၂၀၁၉ ရက်​​နေ့တွင်​ မန္တ​လေးတိုင်း​ဒေသကြီးလွှတ်​​တော်​ အစည်းအ​ဝေးခန်းမငယ်​၌ ဥပ​ဒေပြု​ရေးဆိုင်​ရာ​ကော်​မတီနှင့် လုံခြုံ​ရေး၊ စီမံခန့်ခွဲ​ရေးနှင့် စည်​ပင်​သာယာ​​ရေး​ကော်​မတီ (၂)ရပ်​မှ မန္တ​လေးမြို့​တော်​စည်​ပင်​သာယာ​ရေး ဥပ​ဒေ၊ နည်းဥပ​ဒေများပါ ​ရေနှင့်သန့်ရှင်းမှု ဌာနအတွက်​ ကြားနာပွဲပြုလုပ်​နိုင်​​ရေး အကြိုညှိနှိုင်းအစည်းအ​ဝေးအား ကျင်းပပြုလုပ်​ခဲ့သည်​။ အဆိုပါ ​ကော်​မတီ(၂)ရပ်​မှ ပုဂ္ဂလိကဆေးရုံလုပ်​ငန်းရှင်​များနှင့် နံနက်​(၁၀:ဝဝ)နာရီအချိန်​မှ (၁၀:၄၀)အချိန်​ထိ၊ စား​သောက်​ဆိုင်​လုပ်​ငန်းရှင်​များနှင့်​ နံနက်​(၁၁:ဝဝ)နာရီအချိန်​မှ (၁၂:၁၀) အချိန်​ထိ၊ ဟိုတယ်​လုပ်​ငန်းရှင်​များနှင့် ​နေ့လည်​(၁:ဝဝ)နာရီအချိန်မှ (၂:၄၅)အချိန်​ထိ ​တွေ့ဆုံ​ဆွေး​နွေးခဲ့ကြသည်​။