လွှတ်တော် / သတင်းများ/ဥပဒေပြုရေးဆိုင်ရာကော်မတီနှင့် ဥပဒေများလေ့လာသုံးသပ် ပြင်ဆင်ရေးဆွဲရေးအဖွဲ့တို့ပူးပေါင်း၍ အစည်းအဝေးကျင်းပ

ဥပဒေပြုရေးဆိုင်ရာကော်မတီနှင့် ဥပဒေများလေ့လာသုံးသပ် ပြင်ဆင်ရေးဆွဲရေးအဖွဲ့တို့ပူးပေါင်း၍ အစည်းအဝေးကျင်းပ

နေ့စွဲ
အချိန်

(၁၅.၇.၂၀၂၀)ရက်နေ့ (၁၃၀၀)နာရီအချိန်မှ (၁၅၀၀)နာရီအချိန်ထိ မန္တလေးတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမငယ်၌ ဥပဒေပြုရေးဆိုင်ရာကော်မတီနှင့် ဥပဒေများလေ့လာသုံးသပ် ပြင်ဆင် ရေးဆွဲရေးအဖွဲ့တို့ပူးပေါင်း၍ အစည်းအဝေးကျင်းပခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရှိ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံကာ မန္တလေးမြို့တော်စည်ပင်သာယာရေးဥပဒေအား ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်အသစ်ပြဋ္ဌာန်းနိုင်ရေး ညှိနှိုင်းခြင်း ပြုလုပ်ခဲ့ကြသည်။