လွှတ်တော် / သတင်းများ/ဥပဒေများလေ့လာသုံးသပ်ပြင်ဆင်ရေးဆွဲရေးအဖွဲ့မှ ကျောက်မျက်တူးဖော်ရေးဌာနနှင့် ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းတို့ ဆွေးနွေးပွဲ ကျင်းပပြုလုပ်

ဥပဒေများလေ့လာသုံးသပ်ပြင်ဆင်ရေးဆွဲရေးအဖွဲ့မှ ကျောက်မျက်တူးဖော်ရေးဌာနနှင့် ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းတို့ ဆွေးနွေးပွဲ ကျင်းပပြုလုပ်

နေ့စွဲ
20.8.2019
အချိန်

၂၀.၈.၂၀၁၉ရက်နေ့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမငယ်၌ ဥပဒေများ လေ့လာသုံးသပ်ပြင်ဆင်ရေးဆွဲရေးအဖွဲ့သည် နံနက်(၀၉:၀၀)နာရီအချိန်မှ (၁၀:၀၀)နာရီအချိန်ထိ ကျောက်မျက်တူးဖော်ရေးဌာနမှ တာဝန်ရှိသူနှင့်လည်းကောင်း၊ နံနက်(၁၀:၀၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းနှင့်လည်းကောင်း တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ အဆိုပါအစည်းအဝေးတွင် အသေးစားနှင့် လက်လုပ်လက်စား ကျောက်မျက် ရတနာဥပဒေကြမ်း ရေးဆွဲနိုင်ရေး ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။