လွှတ်တော် / ကော်မတီများ /ကော်မတီတစ်ခုချင်းစီအမည်နှင့် အသေးစိတ်အချက်အလက်များ / သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ

မန္တလေးတိုင်းဒေသကြီးလွှတ်တော်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ
ကော်မတီဖွဲ့စည်းခြင်း


၁။
မန္တလေးတိုင်းဒေသကြီးလွှတ်တော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈) ပုဒ်မ ၁၆၇၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ-၂၃၊၂၄၊၂၅၊၂၆ နှင့် ၂၀၁၃ခုနှစ် တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်လွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၆၂၊၆၃တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ မန္တလေးတိုင်း ဒေသကြီး လွှတ်တော် ပြည်သူ့ငွေစာရင်းသုံးစွဲမှု စိစစ်ရေးကော်မတီအား ဒုတိယအကြိမ်မန္တလေး တိုင်းဒေသကြီး လွှတ်တော် ဒသမပုံမှန်အစည်းအဝေး( )ရက်နေ့တွင် အောက်ဖော်ပြပါ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ရန် အတည်ပြုခဲ့ပါ သည်-


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ

(က) ဦးအေးခိုင် ကျောက်ပန်းတောင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ဥက္ကဋ္ဌ
(ခ) ဦးခင်မောင်အေး မြင်းခြံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) အဖွဲ့ဝင်
(ဂ) ဦးရဲမင်းထွန်း ကျောက်ဆည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) အဖွဲ့ဝင်
(ဃ) ဒေါ်ငြိမ်းသက်နွယ် နွားထိုးကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) အဖွဲ့ဝင်
(င) ဦးကျော်စိုးနိုင် ငါန်းဇွန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) အဖွဲ့ဝင်
(စ) ဗိုလ်မှူး ကျော်မြင့်အောင် တပ်မတော်သား ကိုယ်စားလှယ် အဖွဲ့ဝင်
(ဆ) ဦးဇော်ဇော်အောင် မဟာအောင်မြေမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၂) အတွင်းရေးမှူး

ကော်မတီ၏တာဝန်များ

၂။
ကော်မတီသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စများ နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးအတွင်း တိုးတက်ဆောင်ရွက်ဖွယ်ရှိသည်များနှင့် ပြုပြင်ရန်၊ ဖျက်သိမ်းရန်ရှိသည်များကို လွှတ်တော်ကိုယ်စားလေ့လာ၍ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌမှ တဆင့် လွှတ်တော်သို့အစီရင်ခံတင်ပြရမည်။ ဥပဒေပြုရန် လိုအပ်သည်များကို အကြံပြုခြင်း၊ ဥပဒေပြဋ္ဌာန်း နိုင်သည်အထိ ပူးပေါင်းတာဝန်ယူ၍ ဆောင်ရွက်ရမည်။ တိုင်းဒေသကြီး လွှတ်တော် က အခါအားလျော်စွာ ပေးအပ်သည့် တာဝန်များကို ထမ်းဆောင်ရမည်။
၃။
ကော်မတီသည် မိမိတာဝန်ယူရမည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ မြို့နယ်အလိုက် ထူးခြားသော အခြေအနေများ ရှိပါလျှင် လိုအပ်ချက် နှင့်အညီ မြေပြင်အရောက် ကွင်းဆင်းထိတွေ့လေ့လာ၍ ကော်မတီတွင် အသေးစိတ် ဆွေးနွေး တင်ပြရမည်။
၄။
ကော်မတီသည် မိမိတာဝန်ယူရမည့်လုပ်ငန်းများကို အသေးစိတ်ဆွေးနွေးစဉ်းစားရာ၌ တိုင်းဒေသကြီး လွှတ်တော်တွင် ဆွေးနွေးစဉ်းစားသည့် နည်းလမ်းအတိုင်း ဆွေးနွေးစဉ်းစား ရမည်။ သို့ရာတွင် -
(က)
ကော်မတီတွင် အဆိုတင်သွင်းခြင်း၊ အကြံပြုချက် တင်သွင်းခြင်းတို့နှင့် စပ်လျဉ်း၍ ထောက်ခံ သူမလို၊
(ခ)
ကော်မတီဝင်များသည် ကိစ္စတစ်ခုနှင့် စပ်လျဉ်း၍ တစ်ကြိမ်ထက်ပိုပြီး ဆွေးနွေးခွင့် ရှိသည်၊
၅။
ကော်မတီက အစည်းအဝေးတွင် ကော်မတီဝင်တစ်ဦးပြောဆိုသော သို့မဟုတ် ပြုလုပ်သော ကိစ္စကိုသော်လည်းကောင်း၊ ကော်မတီတွင်ဆွေးနွေးသော ဆွေးနွေးချက်များကို သော် လည်းကောင်း ပြင်ပသို့ပေါက်ကြားခြင်း မရှိစေရ၊ ကော်မတီအစည်းအဝေးမှတ်တမ်းတွင် ဆွေးနွေးချက် အားလုံးကို အသေးစိတ်မှတ်တမ်းတင်၍ ကော်မတီက အတည်ပြုထားရမည်။ ယင်းအစည်း အဝေးမှတ်တမ်းများကို ဖြန်ဝေခြင်းမပြုရ၊ တိုင်းဒေသကြီးလွှတ်တော်သို့ ပေးပို့သော အစီရင်ခံစာ မိတ္တူကို အစည်းအဝေးမှတ်တမ်းများနှင့်အတူ ပူးတွဲ၍ အမှုတွဲအဖြစ် တပေါင်းတည်း ထိန်းသိမ်းထားနိုင် ရန် လွှတ်တော်ရုံးသို့ပေးပို့ရမည်။
၆။
တိုင်းဒေသကြီးအစိုးရအပါအဝင် တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းတို့နှင့် တိုက်ရိုက် ဆက်သွယ်ပြီး ဖြေကြားနိုင်သည့် တာဝန်ရှိပုဂ္ဂိုလ်များအားလည်းကောင်း၊ လုပ်ငန်းနှင့် ဆက်စပ် သော အကြောင်းအရာ များကို သိရှိနားလည်သည်ဟု ယူဆသူများအားလည်းကောင်း ဖိတ်ကြား၍ ကြားနာခြင်း၊ မေးမြန်းဆွေးနွေးခြင်းနှင့် လိုအပ်သည့်အထောက်အထားများကို တင်ပြစေခြင်း ပြုနိုင်သည်။
၇။
ကော်မတီသည် ဆွေးနွေးရရှိသော မိမိကော်မတီဆိုင်ရာလုပ်ငန်းများအတွက် လုပ်ဆောင် ဖွယ်ရာ များကို လိုအပ်သလို ဆက်လက်ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌထံ ပေးပို့ တင်ပြရမည်။ လွှတ်တော်သို့ တင်ပြသင့်သော အခြေအနေဖြစ်က ဥက္ကဋ္ဌ၏သဘောတူညီ ချက်ဖြင့် လွှတ်တော်သို့ တင်ပြရမည်။ သို့မဟုတ် တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းနှင့် ပြည်ထောင်စု အဆင့်အဖွဲ့အစည်းသို့ ဆောင်ရွက်ရန်ပေးပို့ရန် လိုအပ်ပါက တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၏ သဘောတူညီချက်ဖြင့် လွှတ်တော်ကဆက်လက်တင်ပြရမည်။

ကော်မတီ၏လုပ်ပိုင်ခွင့်များ

၈။
ကော်မတီသည် မိမိနှင့်သက်ဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းရေးဆွဲရန် ဆိုင်ရာ ဥပဒေကြမ်းများ လိုအပ်ပါက တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌသို့ တင်ပြသဘော တူညီချက်ရယူ၍ ရေးဆွဲနိုင်သည်။ ဥပဒေကြမ်းရေးဆွဲပါက အောက်ပါအချက်များကို အခြေခံ စိစစ်၍ ရေးဆွဲ ရမည်-
(က)
နိုင်ငံတော်က ချမှတ်သော မူဝါဒများ၊ ဦးတည်ချက်များနှင့်ညီညွတ်မှုရှိစေရန်၊
(ခ)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေ များပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှုရှိစေရန်၊
(ဂ)
နိုင်ငံတော်နှင့် အများပြည်သူတို့၏ အကျိုးစီးပွားကို အလေးထားပြီး ကာကွယ် စောင့်ရှောက်ရေးကို ဦးတည်ခြင်းရှိစေရန်၊
(ဃ)
နိုင်ငံတော် တည်တံ့ခိုင်မြဲရေးနှင့် လုံခြုံရေးကို အန္တရာယ်ပြုထိပါးစေမည့် အချက်များ ပါဝင်ခြင်း မရှိစေရန်၊
(င)
နိုင်ငံတော်၏ ပကတိအခြေအနေများနှင့် လိုက်လျောညီထွေမှုရှိစေရန်၊
(စ)
အများပြည်သူ၏ လုံခြုံရေးနှင့် ပစ္စည်းလုံခြုံရေးကို ထိခိုက်ခြင်းမရှိစေရန်၊
(ဆ)
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်ပျက်ပြားစေမည့် အရေးအသား အသုံးအနှုန်း များ ပါဝင်ခြင်းမရှိစေရန်၊
(ဇ)
ဝန်ကြီးဌာနတစ်ခုနှင့်တစ်ခု၏ လုပ်ပိုင်ခွင့်များ၊ အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုနှင့် တစ်ခု၏ လုပ်ပိုင်ခွင့်များ ရောထွေးခြင်းမရှိစေရန်၊
(ဈ)
ဤတိုင်းဒေသကြီးနှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ သို့မဟုတ် ဒေသအချင်းချင်းဆိုင်ရာ စာချုပ်များ၊ သဘောတူညီချက်များပါ တာဝန်အရ ရေးဆွဲသော ဥပဒေကြမ်းဖြစ်လျှင် ထိုစာချုပ်များ၊ သဘောတူ စာချုပ်များပါ နိုင်ငံတော်အဆင့် အဖွဲ့အစည်းများက သဘောတူလက်ခံထားသော အချက်များနှင့် လိုက်လျောညီထွေခြင်း ရှိစေရန်နှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးခြင်း မရှိစေရေး ဆောင်ရွက်ရန်၊
(ည)
သက်ဆိုင်ရာဥပဒေနှင့် စပ်ဆိုင်သော မူပိုင်းဆိုင်ရာအချက်အလက်များ ပြည့်စုံစွာ ပါရှိစေရန်၊
(ဋ)
ဥပဒေပါပြဋ္ဌာန်းချက်များကို လက်တွေ့အကောင်အထည်ဖော်နိုင်မည့် အခြေအနေ ရှိစေရန်၊
(ဌ)
ဥပဒေ၏ရည်ရွယ်ချက်များကို အကောင်အထည်ဖော်နိုင်ရန် ပြဋ္ဌာန်းချက်များ ပြည့်စုံစွာ ပါရှိ စေရန်၊
၉။
ကော်မတီအစည်းအဝေးများကို ၂၀၁၃ခုနှစ်တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ လွှတ်တော် ဆိုင်ရာ နည်းဥပဒေများ၏ နည်းဥပဒေ ၆၅ ပါပြဋ္ဌာန်းချက်များနှင့်အညီ ကျင်းပရမည်။
၁၀။
ကော်မတီသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်း များနှင့် စပ်လျဉ်း၍-
(က)
နိုင်ငံတော်၊ တိုင်းဒေသကြီးနှင့်ပြည်သူတို့အား အကျိုးဖြစ်ထွန်းစေမည့် အကြံပြု ချက်များ ကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြနိုင်ခွင့်ရှိသည်၊
(ခ)
ပြည်သူများနှင့်သက်ဆိုင်ရာ ကျွမ်းကျင်သူများ၏ လုပ်ငန်းဆိုင်ရာအကြံပြုချက်များ၊ ဝေဖန် သုံးသပ် ချက်များကိုစိစစ်၍ တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြနိုင်ခွင့် ရှိသည်၊
(ဂ)
လုပ်ငန်းဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှုများအပေါ် ပြင်ဆင်ရန်လိုအပ်ပါက သုံးသပ် ချက်နှင့်အတူ အကြံပြုချက်များကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြနိုင် ခွင့်ရှိသည်၊
(ဃ)
လုပ်ငန်းရပ်ဆိုင်းရန် သို့မဟုတ် ဖျက်သိမ်းရန်များအပေါ် သုံးသပ်ချက်နှင့်အတူ အကြံပြု ချက်များကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြနိုင်ခွင့်ရှိသည်။
၁၁။
အပိုဒ် ၅ အရ ကော်မတီ၏တင်ပြချက်နှင့် အကြံပြုချက်များသည် တာဝန်ယူရသည့် သက်ဆိုင် ရာ လုပ်ငန်းနှင့် ယင်းလုပ်ငန်းဆိုင်ရာ ဥပဒေကြမ်းတွင် ပါရှိသည့်ကိစ္စနှင့် စပ်လျဉ်းသော တင်ပြချက်၊ အကြံပြုချက်များဖြစ်ရမည့်အပြင် ထိုသက်ဆိုင်ရာလုပ်ငန်းနှင့် ဆိုင်ရာဥပဒေကြမ်း၏ သဘောတွင် အကျုံးဝင်သောတင်ပြချက်၊ အကြံပြုချက်များလည်း ဖြစ်ရမည်။
၁၂။
ဆိုင်ရာလုပ်ငန်းများနှင့် ဥပဒေကြမ်းများကို ကော်မတီတွင်ဆွေးနွေးစဉ်းစားပြီးဖြစ်ပါက -
(က)
ကော်မတီဥက္ကဋ္ဌသည် အစီရင်ခံစာမူကြမ်းကိုပြုစု၍ ကော်မတီအစည်းအဝေးတွင် တင်ပြ ရမည်၊
(ခ)
အစီရင်ခံစာမူကြမ်းကို ကော်မတီက သဘောတူလျှင် ကော်မတီဥက္ကဋ္ဌသည် အစီရင်ခံစာ ကို လက်မှတ်ရေးထိုး၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌထံ တင်ပြ ရမည်၊
(ဂ)
ကော်မတီဥက္ကဋ္ဌ မရှိလျှင် ကော်မတီအတွင်းရေးမှူးက သော်လည်းကောင်း၊ ကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးမရှိလျှင် သဘာပတိတာဝန်ထမ်းဆောင်သော ကော်မတီဝင် တစ်ဦးက သော်လည်းကောင်း လက်မှတ်ရေးထိုးတင်ပြနိုင်သည်၊
(ဃ)
တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၏ သီးခြားညွှန်ကြားချက်မရှိလျှင် ဥပဒေရေးရာ လုပ်ငန်းနှင့် ဥပဒေကြမ်းကို ကော်မတီသို့ လွှဲအပ်သည့်နေ့မှစ၍ ခုနှစ်ရက်အတွင်း (ရုံးပိတ်ရက်များမပါ) ကော်မတီ၏အစီရင်ခံစာကို တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌထံ တင်ပြရမည်၊
(င)
ကော်မတီဥက္ကဋ္ဌ(သို့မဟုတ်) ကော်မတီဥက္ကဋ္ဌ၏တာဝန်ပေးအပ်ခြင်းခံရသူသည် ကော်မတီ ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းရမည်။
၁၃။
ကော်မတီဝင်များသည် -
(က)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တိုင်းဒေသကြီး လွှတ်တော် ဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင်လျှင် လွတ်လပ်စွာ ပြောဆို ဆွေးနွေးခွင့် နှင့် ဆန္ဒမဲပေးခွင့်ရှိသည်၊
(ခ)
တိုင်းဒေသကြီးလွှတ်တော်၏ လွှတ်တော်ကော်မတီ အများဆုံး(၂)ခုထိ ပါဝင် ဆောင်ရွက် နိုင် ခွင့်ရှိသည်၊
(ဂ)
ကော်မတီဝင်အဖြစ်မှ နှုတ်ထွက်ခွင့်ပြုရန် ခိုင်လုံသောအကျိုးအကြောင်းဖော်ပြလျက် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြနိုင်ခွင့်ရှိသည်။

ကော်မတီဝင်၏ရပိုင်ခွင့်နှင့်အခွင့်အရေးများ

၁၄။
ကော်မတီဝင်များသည် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် အားလျော်စွာ ကော်မတီ လုပ်ငန်းတာဝန်ကိုဆောင်ရွက်ရန်ဖြစ်စေ၊ ကော်မတီအစည်းအဝေး တက်ရောက်ရန် ဖြစ်စေ၊ ကော်မတီ ရုံးစိုက်ရာဒေသတွင် ရောက်ရှိနေစဉ်၌ လည်းကောင်း၊ တာဝန်အရ ခရီးသွား လာရာ၌လည်းကောင်း၊ သက်ဆိုင်ရာ ဥပဒေပါ ရပိုင်ခွင့်များကို ခံစားခွင့် ရှိသည့်အပြင် ပြည်ထောင်စုအစိုးရ အဖွဲ့၏ သတ်မှတ်သည့်ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိသည်။
၁၅။
ကော်မတီဝင်များသည် -
(က)
ကော်မတီအစည်းအဝေးများတွင် တင်ပြဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာဥပဒေမှအပ အခြားဥပဒေအရ အရေးယူခံ ရခြင်းမှ ကင်းလွတ်ခွင့်ရှိ သည်၊
(ခ)
ကော်မတီအစည်းအဝေး တက်ရောက်နေစဉ်အတွင်း သက်ဆိုင်ရာအဖွဲ့အစည်း၏ အကြီး အမှူးမှတဆင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၏ ကြိုတင်ခွင့်ပြုချက် မရရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်၊
(ဂ)
ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခြင်းခံရပါက ပြစ်ဒဏ်စီရင်ခြင်းမခံရမီ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ကော်မတီအစည်းအဝေးများသို့ တက်ရောက်ခွင့် ရှိ သည်။

ကော်မတီ၏သက်တမ်း

၁၆။
လွှတ်တော်၏သဘောတူညီချက်ဖြင့် ဥက္ကဋ္ဌသည် ကော်မတီ၏သက်တမ်းကို (၁) နှစ်သတ်မှတ် သည်။ ဥက္ကဋ္ဌသည် ကော်မတီ၏သက်တမ်း(၁) နှစ်ပြည့်ပါက ကော်မတီအဖွဲ့ဝင်များကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်း တာဝန်ပေးအပ်နိုင်သည်။

ဦးအောင်ကျော်ဦး
( ဥက္ကဋ္ဌ )

ဖြန့်ဝေခြင်း
- သက်ဆိုင်ရာကော်မတီဝင်များအားလုံး
မိတ္တူကို
- တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့။
- လက်ခံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
မန္တလေးတိုင်းဒေသကြီးလွှတ်တော်
မန္တလေးမြို့

စာအမှတ်၊ ၁ /၂ - ၁၀/ရေးရာ ( )
ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ မေလ ရက်

အကြောင်းအရာ။ မန္တလေးတိုင်းဒေသကြီးလွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး ကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း


၁။
မန္တလေးတိုင်းဒေသကြီးလွှတ်တော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ(၂၀၀၈) ပုဒ်မ ၁၆၇၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ- ၂၃၊၂၄၊၂၅၊၂၆ နှင့် ၂၀၁၃ခုနှစ်တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၆၂၊၆၃ တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ မန္တလေးတိုင်း ဒေသကြီး လွှတ်တော် သယံဇာတနှင့်သဘာပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက် ရေး ကော်မတီ အား ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန် အစည်းအဝေး ( )( )ရက် နေ့တွင် အောက် ဖော်ပြပါ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း တာဝန် ပေးအပ် ရန် အတည်ပြု ချက်အရ အောက်ပါအတိုင်း ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည် -


သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ

(က) ဦးအေးခိုင် ကျောက်ပန်းတောင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ဥက္ကဋ္ဌ
(ခ) ဦးခင်မောင်အေး မြင်းခြံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) အဖွဲ့ဝင်
(ဂ) ဦးရဲမင်းထွန်း ကျောက်ဆည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) အဖွဲ့ဝင်
(ဃ) ဒေါ်ငြိမ်းသက်နွယ် နွားထိုးကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) အဖွဲ့ဝင်
(င) ဦးကျော်စိုးနိုင် ငါန်းဇွန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) အဖွဲ့ဝင်
(စ) ဗိုလ်မှူး ကျော်မြင့်အောင် တပ်မတော်သား ကိုယ်စားလှယ် အဖွဲ့ဝင်
(ဆ) ဦးဇော်ဇော်အောင် မဟာအောင်မြေမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၂) အတွင်းရေးမှူး
၂။
သို့ဖြစ်ပါ၍ တိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုခဲ့သော သယံဇာတနှင့်သဘာပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီနှင့် ပတ်သက်၍တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း တို့နှင့် စပ်လျဉ်း၍ တာဝန်ပေး သတ်မှတ်ချက်များကို ဤစာနှင့်အတူ ပူးတွဲပေးပို့အပ်ပါသည်။

ဦးအောင်ကျော်ဦး
( ဥက္ကဋ္ဌ )

ဖြန့်ဝေခြင်း
- သက်ဆိုင်ရာကော်မတီဝင်များအားလုံး
မိတ္တူကို
- တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့။
- လှည့်လည်စာတွဲ / ရုံးလက်ခံ


လေးစားအပ်ပါသော မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ် များ ခင်ဗျား . . . . . . . . . . .
ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်ဌေး ဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌ၏ တာဝန်ပေးအပ်ချက်အရ လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေး ကော်မတီ ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းများနှင့် စပ်လျဉ်း၍ တင်ပြသွားမှာ ဖြစ်ပါတယ်။


သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေးကော်မတီ၏ တာဝန်များ

၁။
ကော်မတီသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေးကိစ္စများနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးအတွင်း တိုးတက် ဆောင်ရွက်ဖွယ် ရှိသည်များနှင့် ပြုပြင်ရန်၊ ဖျက်သိမ်းရန်ရှိ သည်များကို လွှတ်တော်ကိုယ်စားလေ့လာ၍ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌမှတဆင့် လွှတ်တော် သို့ အစီရင်ခံတင်ပြရမည်။ ဥပဒေပြုရန် လိုအပ်သည်များကို အကြံပြုခြင်း၊ ဥပဒေပြဋ္ဌာန်းနိုင် သည်အထိ ပူးပေါင်းတာဝန်ယူ၍ ဆောင်ရွက် ရမည်။ တိုင်းဒေသကြီးလွှတ်တော်က အခါအား လျော်စွာ ပေးအပ်သည့် တာဝန်များကို ထမ်းဆောင်ရမည်။
၂။
ကော်မတီသည် မိမိတာဝန်ယူရမည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့် ရှောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ မြို့နယ်အလိုက် ထူးခြားသောအခြေအနေများ ရှိပါလျှင် လိုအပ်ချက်နှင့်အညီ မြေပြင်အရောက် ကွင်းဆင်းထိတွေ့လေ့လာ၍ ကော်မတီတွင် အသေးစိတ် ဆွေးနွေး တင်ပြရမည်။
၃။
ကော်မတီသည် မိမိတာဝန်ယူရမည့်လုပ်ငန်းများကို အသေးစိတ်ဆွေးနွေးစဉ်းစားရာ၌ တိုင်းဒေသကြီး လွှတ်တော်တွင် ဆွေးနွေးစဉ်းစားသည့် နည်းလမ်းအတိုင်း ဆွေးနွေးစဉ်းစား ရမည်။ သို့ရာတွင် -
(က)
ကော်မတီတွင်အဆိုတင်သွင်းခြင်း၊ အကြံပြုချက်တင်သွင်းခြင်းတို့နှင့်စပ်လျဉ်း၍ ထောက်ခံ သူမလို၊
(ခ)
ကော်မတီဝင်များသည် ကိစ္စတစ်ခုနှင့်စပ်လျဉ်း၍ တစ်ကြိမ်ထက်ပိုပြီးဆွေးနွေးခွင့် ရှိသည်၊
၄။
ကော်မတီက အစည်းအဝေးတွင် ကော်မတီဝင်တစ်ဦးပြောဆိုသော သို့မဟုတ် ပြုလုပ်သောကိစ္စ ကိုသော်လည်းကောင်း၊ ကော်မတီတွင်ဆွေးနွေးသော ဆွေးနွေးချက်များ ကိုသော်လည်းကောင်း ပြင်ပသို့ ပေါက်ကြားခြင်းမရှိစေရ၊ ကော်မတီအစည်းအဝေး မှတ်တမ်းတွင် ဆွေးနွေးချက် အားလုံးကို အသေးစိတ်မှတ်တမ်းတင်၍ ကော်မတီက အတည်ပြုထားရမည်။ ယင်းအစည်းအဝေးမှတ်တမ်းများကို ဖြန့်ဝေခြင်းမပြုရ၊ တိုင်းဒေသကြီးလွှတ်တော်သို့ ပေးပို့သော အစီရင်ခံစာ မိတ္တူကို အစည်းအဝေး မှတ်တမ်းများနှင့်အတူ ပူးတွဲ၍ အမှုတွဲအဖြစ် တပေါင်းတည်း ထိန်းသိမ်းထားနိုင်ရန် လွှတ်တော်ရုံးသို့ ပေးပို့ရမည်။
၅။
တိုင်းဒေသကြီးအစိုးရအပါအဝင် တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းတို့နှင့် တိုက်ရိုက်ဆက် သွယ်ပြီး ဖြေကြားနိုင်သည့် တာဝန်ရှိပုဂ္ဂိုလ်များအားလည်းကောင်း၊ လုပ်ငန်းနှင့်ဆက်စပ်သော အကြောင်း အရာများကို သိရှိနားလည်သည်ဟု ယူဆသူများအားလည်းကောင်း ဖိတ်ကြား၍ ကြားနာခြင်း၊ မေးမြန်း ဆွေးနွေးခြင်းနှင့် လိုအပ်သည့်အထောက်အထားများကို တင်ပြစေခြင်း ပြုနိုင်သည်။
၆။
ကော်မတီသည် ဆွေးနွေးရရှိသော မိမိကော်မတီဆိုင်ရာလုပ်ငန်းများအတွက် လုပ်ဆောင် ဖွယ်ရာ များကို လိုအပ်သလို ဆက်လက်ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌထံ ပေးပို့တင်ပြ ရမည်။ လွှတ်တော်သို့ တင်ပြသင့်သော အခြေအနေဖြစ်က ဥက္ကဋ္ဌ၏သဘောတူညီချက်ဖြင့် လွှတ်တော်သို့ တင်ပြရမည်။ သို့မဟုတ် တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းနှင့် ပြည်ထောင်စု အဆင့်အဖွဲ့အစည်းသို့ ဆောင်ရွက်ရန် ပေးပို့ရန်လိုအပ်ပါက တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၏ သဘောတူညီချက်ဖြင့် လွှတ်တော်ကဆက်လက် တင်ပြရမည်။
၇။
ကော်မတီသည် မိမိနှင့်သက်ဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းရေးဆွဲရန် ဆိုင်ရာ ဥပဒေကြမ်းများ လိုအပ်ပါက တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌသို့ တင်ပြ သဘောတူညီချက်ရယူ၍ ရေးဆွဲနိုင်သည်။ ဥပဒေကြမ်းရေးဆွဲပါက အောက်ပါအချက်များကို အခြေခံ စိစစ်၍ ရေးဆွဲ ရမည်-
(က)
နိုင်ငံတော်က ချမှတ်သော မူဝါဒများ၊ ဦးတည်ချက်များနှင့်ညီညွတ်မှုရှိစေရန်၊
(ခ)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေ များပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှုရှိစေရန်၊
(ဂ)
နိုင်ငံတော်နှင့် အများပြည်သူတို့၏ အကျိုးစီးပွားကို အလေးထားပြီး ကာကွယ် စောင့်ရှောက်ရေးကို ဦးတည်ခြင်းရှိစေရန်၊
(ဃ)
နိုင်ငံတော် တည်တံ့ခိုင်မြဲရေးနှင့် လုံခြုံရေးကို အန္တရာယ်ပြုထိပါးစေမည့် အချက်များ ပါဝင်ခြင်း မရှိစေရန်၊
(င)
နိုင်ငံတော်၏ ပကတိအခြေအနေများနှင့် လိုက်လျောညီထွေမှုရှိစေရန်၊
(စ)
အများပြည်သူ၏ လုံခြုံရေးနှင့် ပစ္စည်းလုံခြုံရေးကို ထိခိုက်ခြင်းမရှိစေရန်၊
(ဆ)
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်ပျက်ပြားစေမည့် အရေးအသား အသုံးအနှုန်း များ ပါဝင်ခြင်းမရှိစေရန်၊
(ဇ)
ဝန်ကြီးဌာနတစ်ခုနှင့်တစ်ခု၏ လုပ်ပိုင်ခွင့်များ၊ အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုနှင့် တစ်ခု၏ လုပ်ပိုင်ခွင့်များ ရောထွေးခြင်းမရှိစေရန်၊
(ဈ)
ဤတိုင်းဒေသကြီးနှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ သို့မဟုတ် ဒေသအချင်းချင်းဆိုင်ရာ စာချုပ်များ၊ သဘောတူညီချက်များပါ တာဝန်အရ ရေးဆွဲသော ဥပဒေကြမ်းဖြစ်လျှင် ထိုစာချုပ်များ၊ သဘောတူ စာချုပ်များပါ နိုင်ငံတော်အဆင့် အဖွဲ့အစည်းများက သဘောတူလက်ခံထားသော အချက်များနှင့် လိုက်လျောညီထွေခြင်း ရှိစေရန်နှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးခြင်း မရှိစေရေး ဆောင်ရွက်ရန်၊
(ည)
သက်ဆိုင်ရာဥပဒေနှင့် စပ်ဆိုင်သော မူပိုင်းဆိုင်ရာအချက်အလက်များ ပြည့်စုံစွာ ပါရှိစေရန်၊
(ဋ)
ဥပဒေပါပြဋ္ဌာန်းချက်များကို လက်တွေ့အကောင်အထည်ဖော်နိုင်မည့် အခြေအနေ ရှိစေရန်၊
(ဌ)
ဥပဒေ၏ရည်ရွယ်ချက်များကို အကောင်အထည်ဖော်နိုင်ရန် ပြဋ္ဌာန်းချက်များ ပြည့်စုံစွာ ပါရှိ စေရန်၊
၈။
ကော်မတီအစည်းအဝေးများကို ၂၀၁၃ခုနှစ်တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ၏ နည်းဥပဒေ ၆၅ ပါပြဌာန်းချက်များနှင့်အညီ ကျင်းပရမည်။
၉။
ကော်မတီသည် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်း များ နှင့်စပ်လျဉ်း၍-
(က)
နိုင်ငံတော်၊ တိုင်းဒေသကြီးနှင့်ပြည်သူတို့အား အကျိုးဖြစ်ထွန်းစေမည့် အကြံပြု ချက်များကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြနိုင်ခွင့်ရှိသည်၊
(ခ)
ပြည်သူများနှင့်သက်ဆိုင်ရာ ကျွမ်းကျင်သူများ၏ လုပ်ငန်းဆိုင်ရာ အကြံပြုချက် များ၊ဝေဖန်သုံးသပ် ချက်များကိုစိစစ်၍ တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြနိုင်ခွင့် ရှိသည်၊
(ဂ)
လုပ်ငန်းဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှုများအပေါ် ပြင်ဆင်ရန်လိုအပ်ပါက သုံးသပ်ချက်နှင့် အတူ အကြံပြုချက်များကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြနိုင်ခွင့် ရှိသည်၊
(ဃ)
လုပ်ငန်းရပ်ဆိုင်းရန် သို့မဟုတ် ဖျက်သိမ်းရန်များအပေါ် သုံးသပ်ချက်နှင့်အတူ အကြံပြုချက် များကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြနိုင်ခွင့်ရှိသည်။

၁၀။
ကော်မတီ၏တင်ပြချက်နှင့် အကြံပြုချက်များသည် တာဝန်ယူရသည့် သက်ဆိုင်ရာ လုပ်ငန်းနှင့် ယင်းလုပ်ငန်းဆိုင်ရာ ဥပဒေကြမ်းတွင် ပါရှိသည့်ကိစ္စနှင့် စပ်လျဉ်းသောတင်ပြချက်၊ အကြံပြုချက်များ ဖြစ်ရမည့်အပြင် ထိုသက်ဆိုင်ရာလုပ်ငန်းနှင့် ဆိုင်ရာ ဥပဒေကြမ်း၏သဘော တွင် အကျုံးဝင်သော တင်ပြချက်၊ အကြံပြုချက်များလည်း ဖြစ်ရမည်။
၁၁။
ဆိုင်ရာလုပ်ငန်းများနှင့် ဥပဒကြေမ်းများကို ကော်မတီတွင် ဆွေးနွေးစဉ်းစားပြီးဖြစ်ပါက -
(က)
ကော်မတီဥက္ကဋ္ဌသည် အစီရင်ခံစာမူကြမ်းကိုပြုစု၍ ကော်မတီအစည်းအဝေး တွင်တင်ပြရမည်၊
(ခ)
အစီရင်ခံစာမူကြမ်းကိုကော်မတီက သဘောတူလျှင် ကော်မတီဥက္ကဋ္ဌသည် အစီရင်ခံ စာကို လက်မှတ်ရေးထိုး၍ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ထံတင်ပြ ရမည်၊
(ဂ)
ကော်မတီဥက္ကဋ္ဌမရှိလျှင် ကော်မတီအတွင်းရေးမှူးက သော်လည်းကောင်း၊ ကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးမရှိလျှင် သဘာပတိတာဝန်ထမ်းဆောင်သော ကော်မတီဝင် တစ်ဦး ကသော် လည်းကောင်း လက်မှတ်ရေးထိုးတင်ပြနိုင်သည်၊
(ဃ)
တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၏ သီးခြားညွှန်ကြားချက်မရှိလျှင် ဥပဒေရေးရာ လုပ်ငန်းနှင့် ဥပဒကြေမ်းကို ကော်မတီသို့လွှဲအပ်သည့်နေ့မှစ၍ ခုနှစ်ရက် အတွင်း (ရုံးပိတ်ရက်များမပါ) ကော်မတီ၏ အစီရင်ခံစာကို တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌထံ တင်ပြရမည်၊
(င)
ကော်မတီဥက္ကဋ္ဌ (သို့မဟုတ်) ကော်မတီဥက္ကဋ္ဌ၏တာဝန်ပေးအပ်ခြင်းခံရသူသည် ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းရမည်။
၁၂။
ကော်မတီဝင်များသည် -
(က)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တိုင်းဒေသကြီး လွှတ်တော် ဆိုင်ရာဥပဒေပါ ပြဌာန်းချက်များကို မဆန့်ကျင်လျှင် လွတ်လပ်စွာ ပြောဆို ဆွေးနွေးခွင့်နှင့် ဆန္ဒမဲ ပေးခွင့်ရှိသည်၊
(ခ)
တိုင်းဒေသကြီးလွှတ်တော်၏ လွှတ်တော်ကော်မတီ အများဆုံး(၂)ခုထိ ပါဝင် ဆောင်ရွက်နိုင် ခွင့်ရှိသည်၊
(ဂ)
ကော်မတီဝင်အဖြစ်မှ နှုတ်ထွက်ခွင့်ပြုရန် ခိုင်လုံသောအကျိုးအကြောင်းဖော်ပြလျက် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြနိုင်ခွင့်ရှိသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီဝင်၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ

၁၃။
ကော်မတီဝင်များသည် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် အားလျော် စွာ ကော်မတီ လုပ်ငန်းတာဝန်ကိုဆောင်ရွက်ရန်ဖြစ်စေ၊ ကော်မတီအစည်းအဝေး တက်ရောက်ရန် ဖြစ်စေ၊ ကော်မတီရုံးစိုက်ရာဒေသတွင် ရောက်ရှိနေစဉ်၌လည်းကောင်း၊ တာဝန်အရခရီး သွားလာ ရာ၌ လည်းကောင်း၊ သက်ဆိုင်ရာဥပဒေပါ ရပိုင်ခွင့်များကို ခံစားခွင့်ရှိသည့်အပြင် ပြည်ထောင်စု အစိုးရအဖွဲ့၏ သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိသည်။
၁၄။
ကော်မတီဝင်များသည် -
(က)
ကော်မတီအစည်းအဝေးများတွင် တင်ပြဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာဥပဒေမှအပ အခြားဥပဒေအရ အရေးယူခံ ရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်၊
(ခ)
ကော်မတီအစည်းအဝေး တက်ရောက်နေစဉ်အတွင်း သက်ဆိုင်ရာအဖွဲ့အစည်း၏ အကြီးအမှူး မှတဆင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၏ ကြိုတင်ခွင့်ပြုချက် မရရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်၊
(ဂ)
ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခြင်းခံရပါက ပြစ်ဒဏ်စီရင်ခြင်းမခံရမီ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၏ခွင့်ပြုချက်ဖြင့် ကော်မတီအစည်းအဝေးများသို့ တက်ရောက်ခွင့်ရှိသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ၏ သက်တမ်း

၁၄။
လွှတ်တော်၏သဘောတူညီချက်ဖြင့် ဥက္ကဋ္ဌသည် ကော်မတီ၏သက်တမ်းကို (၁)နှစ် သတ်မှတ်သည်။ ဥက္ကဋ္ဌသည် ကော်မတီ၏သက်တမ်း (၁) နှစ်ပြည့်ပါက ကော်မတီအဖွဲ့ဝင်များကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်း တာဝန်ပေးအပ်နိုင်သည်။